ဘဂ်လားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်းငယ်သည်မူလတွက်ချက်ထားသောလမ်းကြောင်းအတိုင်းရွေ့လျားပါကမတ် ၂၁ရက်ညနေမှစ၍မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ်ပြင် တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင်၄၀ခန့် တိုက်ခတ်နိုင်ကြောင်း အမျိုး
သားညီညွတ်ရေးအစိုးရ(NUG) ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မူလခန့်မှန်းထားသောလမ်းကြောင်းအတိုင်းတိုက်ခတ်ပါကမုန်တိုင်းငယ်အရှိန် ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် နေရာအနှံ့ မိုးထစ်ချုန်း ရွာနိုင်ပြီး အချို့ နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်းသတိ့ပေးထားသည်။ထို့အပြင်ကမ်းရိုးတန်းဒေသများတွင်မုန်
တိုင်း ဒီရေသည် ၆ ပေမှ ၇ ပေခန့်အထိမြင့်တက်နိုင်ကြောင်းလည်းတွက်ချက်ခန့်မှန်းထားသည်။

သို့သော် မတ်လ၂၂ရက်တွင် မူလလမ်းကြောင်းမှသွေဖီ၍ လမ်းကြောင်း ပြောင်းလဲ နိုင်သည့် အခြေအနေလည်းရှိလာနိုင်ပြီး ထိုသို့ပြောင်းလဲပါကမြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည် ဖြတ်ကျော်နိုင်ခြေရှိသဖြင့် ဒေသခံများ သထိထားသင့်ကြောင်းသတိပေးထားသည်။ထိုသို့မဟုတ်ပါက ဆိုင်ကလုန်း မုန်တိုင်းအဆင့် သို့အားကောင်းရောက်ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
မူလခန့်မှန်းလမ်းကြောင်း အတိုင်း ရွေ့လျားမည်ဆိုပါကလည်း မော်တင်စွန်း ထိပ်ကို ဖြတ်ကျော်ချိန်တွင် မုန်တိုင်းဒီရေသည် ၅ပေမှ ၆ပေခန့်အထိ မြင့်တက် နိုင်ပါသည်။ အလားတူ ရခိုင်ကမ်းရိုးတန်းအတွက် မတ်လ၂၃ရက်၊ကမ်းဖြတ်ချိန် တွင် မုန်တိုင်းဒီရေ ၅ပေခန့် မြင့်တက်နိုင်ပါကြောင်းသတိပေးအပ်ပါသည်ဟုဖော်ပြထားသည်။

Public Service Announcement

မတ်လ ၂၀ တွင် လေဖိအားနည်းရပ်ဝန်းမှ အပူပိုင်းမုန်းတိုင်းငယ်အဖြစ်အားကောင်းလာသော မုန်တိုင်းသည် ၂၄ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းအထိ့အားကောင်းလာနိုင်ကြောင်းထိုင်းမိုးလေဝသဌာန (IMD)ကယနေ့မွန်းလွှဲပိုင်းတွင်တွက်ချက်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်အဖြစ်အားကောင်းလာပါက ဘဂ်လားပင်လယ်အော်တွင် ယခုနှစ်၌ပထမဆုံးဖြစ်လာမည့် မုန်တိုင်းအမည်ကို Asani ဟုအမည်ကြိုတင်ပေးထားသည်။ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာပါက မုန်တိုင်းဖြတ်သန်းတိုက်ခိုက်မည်ဒေသများအတွက် လေပြင်းတိုက်ခတ်ခြင်း ၊မိုးသည်းထန်စွာရွာသွန်းခြင်း ၊ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းဒီရေ အမြင့်ပေ ပိုများပြီး အန္တရာယ်ပိုကြီးမားလာမည်ဖြစ်သည်။ အိန္ဒိယက မုန်တိုင်းရှိနေစဥ် ပင်လယ်ပြင်တွင် ငါးဖမ်းခြင်းအပါအဝင်ရေယာဥ်အားလုံးကိုသတိပေးထားသည်ကိုတွေ့ရသည်။

မုန်တိုင်းငယ်အဖြစ် အားကောင်းလာစဥ် ယနေ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းလာသည်ကရင်ပြည်နယ်
လေးကေ့ကော်ရှိ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင်မိုးသည်ထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်၍ ဒုက္ခသည်စခန်းမှရွက်ဖျင်တဲများပျက်စီးခဲ့သည်။ နိုင်ငံတစ်ဝန် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်စစ်ဆင်နွှဲနေသဖြင့်စစ်ရှောင် ဒုက္ခသည်များနိုင်ငံနေရာအများစုတွင်ရှိနေရာမုန်တိုင်းတိုက်ခတ်ဖြတ်သန်းပါက စစ်ဘေးရှောင်များသဘာဝဘေးအန္တရာယ်ကြုံရမည်ကို ပြည်သူများစိုးရိမ်ပူပန်နေကြသည်။မုန်တိုင်းဖြတ်သန်းတိုက်ခိုက်ခဲ့လျှင်ပင် ပင်လယ်ပြင်တွင်မကြာဘဲ အရှိန်မယူဘဲမုန်တိုင်းငယ်အဖြစ်ကုန်းတွင်းဝင်ရောက်လျှင် မုန်တိုင်းဒဏ်လျော့ပါးမည်ဖြစ်သည်။


















































