Connect with us

Hi, what are you looking for?

News

ယနေ့စတင်သော အာဆီယံအထူးကိုယ်စားလှယ်၏ နေပြည်တော်ခရီးစဉ်ကို GSCB ပြင်းထန်စွာ ကန့်ကွက်

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ယခုခရီးစဉ်သည် အထူးကိုယ်စားလှယ် အနေဖြင့် ပထမဆုံးခရီးစဉ်ဖြစ်၍ လိုချင်လောဘများစွာမထားရန် ပြောကြားခဲ့မှုမှာ အာဆီယံ၏ မူမဟုတ်သည့်အပြင် အာဆီယံတစ်ခုလုံးကို ကိုယ်စားမပြုဘဲ တာဝန်မဲ့ပြောကြားချက်ဖြစ်ကြောင်း GSCB က ထုတ်ပြန်သည်။

ဓာတ်ပုံ - Khmer Times

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်သည် အကြမ်းဖက်စစ်အုပ်စုကို အားပေး အားမြှောက်လုပ်ခြင်းဖြစ်၍ တော်လှန်ရေးအင်အားစုများ(GSCB)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ လိုက်သည်။

ယနေ့စတင်သော အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်အသံကို လုံး၀တန်ဖိုးမထား၊ အသိအမှတ်မပြုကြောင်းလည်း GSCB က ထုတ်ပြန်သည်။

မြန်မာပြည်သူတရပ်လုံးနှင့် GSCB အနေဖြင့် စစ်အာ ဏာရှင်စနစ်ကို အပြီးတိုင်သုတ်သင်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်​ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ပြန်လည်သွတ်သွင်းသည့် အာဆီယံအပါအဝင် နိုင်ငံတကာ၏ မည်သည့်ကြိုးပမ်းမှုကိုမဆို ပြတ်သားစွာဆန့်ကျင်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ယခုခရီးစဉ်သည် အထူးကိုယ်စားလှယ် အနေဖြင့် ပထမဆုံးခရီးစဉ်ဖြစ်၍ လိုချင်လောဘများစွာမထားရန် ပြောကြားခဲ့မှုမှာ အာဆီယံ၏ မူမဟုတ်သည့်အပြင် အာဆီယံတစ်ခုလုံးကို ကိုယ်စားမပြုဘဲ တာဝန်မဲ့ပြောကြားချက်ဖြစ်ကြောင်း GSCB က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြီးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို အထူးကိုယ်စားလှယ်က ယခုခရီးစဉ်တွင် ထည့်သွင်းမထားခြင်းမှာ မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် နွေဦးတော်လှန်ရေးအင်အားစုများအားလုံးကို မျက်ကွယ်ပြုခြင်းဖြစ်သည်ဟု GSCBက ဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နှင့်တွေ့ဆုံရန်၊ NUCC ၏ ပထမအကြိမ်ပြည်သူ့ညီလာခံဆုံးဖြတ်ချက်များကို အလေးထားစောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့