Connect with us

Hi, what are you looking for?

LuduNwayOo

News

ယနေ့စတင်သော အာဆီယံအထူးကိုယ်စားလှယ်၏ နေပြည်တော်ခရီးစဉ်ကို GSCB ပြင်းထန်စွာ ကန့်ကွက်

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ယခုခရီးစဉ်သည် အထူးကိုယ်စားလှယ် အနေဖြင့် ပထမဆုံးခရီးစဉ်ဖြစ်၍ လိုချင်လောဘများစွာမထားရန် ပြောကြားခဲ့မှုမှာ အာဆီယံ၏ မူမဟုတ်သည့်အပြင် အာဆီယံတစ်ခုလုံးကို ကိုယ်စားမပြုဘဲ တာဝန်မဲ့ပြောကြားချက်ဖြစ်ကြောင်း GSCB က ထုတ်ပြန်သည်။

ဓာတ်ပုံ - Khmer Times

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်သည် အကြမ်းဖက်စစ်အုပ်စုကို အားပေး အားမြှောက်လုပ်ခြင်းဖြစ်၍ တော်လှန်ရေးအင်အားစုများ(GSCB)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ လိုက်သည်။

ယနေ့စတင်သော အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်အသံကို လုံး၀တန်ဖိုးမထား၊ အသိအမှတ်မပြုကြောင်းလည်း GSCB က ထုတ်ပြန်သည်။

မြန်မာပြည်သူတရပ်လုံးနှင့် GSCB အနေဖြင့် စစ်အာ ဏာရှင်စနစ်ကို အပြီးတိုင်သုတ်သင်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်​ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ပြန်လည်သွတ်သွင်းသည့် အာဆီယံအပါအဝင် နိုင်ငံတကာ၏ မည်သည့်ကြိုးပမ်းမှုကိုမဆို ပြတ်သားစွာဆန့်ကျင်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ယခုခရီးစဉ်သည် အထူးကိုယ်စားလှယ် အနေဖြင့် ပထမဆုံးခရီးစဉ်ဖြစ်၍ လိုချင်လောဘများစွာမထားရန် ပြောကြားခဲ့မှုမှာ အာဆီယံ၏ မူမဟုတ်သည့်အပြင် အာဆီယံတစ်ခုလုံးကို ကိုယ်စားမပြုဘဲ တာဝန်မဲ့ပြောကြားချက်ဖြစ်ကြောင်း GSCB က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြီးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို အထူးကိုယ်စားလှယ်က ယခုခရီးစဉ်တွင် ထည့်သွင်းမထားခြင်းမှာ မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် နွေဦးတော်လှန်ရေးအင်အားစုများအားလုံးကို မျက်ကွယ်ပြုခြင်းဖြစ်သည်ဟု GSCBက ဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နှင့်တွေ့ဆုံရန်၊ NUCC ၏ ပထမအကြိမ်ပြည်သူ့ညီလာခံဆုံးဖြတ်ချက်များကို အလေးထားစောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စောမူတူးစေးဖိုး ကို ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးနှုန်းထားပြီး ငြိမ်းရေးရေးကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ဖော်ပြတာတွေ့ရပါတယ်။

သတင်း

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ဘိုးမသံတောင်စခန်းကိုလည်း သံတောင်မြောက်ပိုင်း(အထူးဒေသ)- NTDFနှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့က သြဂုတ်၁၀ရက်မှ ၁၄ ရက်အထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည်။

သတင်း

ဘို့မ - သံတောင်စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက်အချို့သိမ်းဆည်းရရှိမှုရှိကြောင်း စုံစမ်းသိရသော်လည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဦးရေအား အတိအကျမသိရသေးပေ။