Connect with us

Hi, what are you looking for?

News

ဦးဖုန်ကြားရှင် ကွယ်လွန်ခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ဟု MNDAA ထုတ်ပြန်

လက်ရှိ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်၏ ဖခင်ဖြစ်သူ MNDAA တည်ထောင်သူ နှင့် ဥက္ကဋ္ဌဟောင်း ဖြစ်သူ အသက် ၉၄နှစ်အရွယ် ဦးဖုန်ကြားရှင် သည် ယခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က သဝဏ်လွှာပေးပို့လာကြောင်း MNDAAက ထုတ်ပြန်သည်။

လက်ရှိ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်၏ ဖခင်ဖြစ်သူ MNDAA တည်ထောင်သူ နှင့် ဥက္ကဋ္ဌဟောင်း ဖြစ်သူ အသက် ၉၄နှစ်အရွယ် ဦးဖုန်ကြားရှင် သည် ယခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးဖုန်ကြားရှင် ကွယ်လွန်ခြင်းသည် ကိုးကန့်တိုင်းရင်းသားလူမျိုးများနှင့် မြန်မာနိုင်ငံ အမှန်တရား နှင့်တရားမျှတသော အမျိုးသားပါတီ အတွက်သာမက နိုင်ငံတော် ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း ကြီးများသော ဆုံးရှုံးနစ်နာမှု တစ်ရပ်ပင်ဖြစ်သည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှလည်း ကိုးကန့်တိုင်းရင်းသား လူမျိုးများနှင့် ကျန်ရစ်သူမိသားစုဝင်များ နှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရသည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Facebook