Connect with us

Hi, what are you looking for?

LuduNwayOo

News

ဦးဖုန်ကြားရှင် ကွယ်လွန်ခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ဟု MNDAA ထုတ်ပြန်

လက်ရှိ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်၏ ဖခင်ဖြစ်သူ MNDAA တည်ထောင်သူ နှင့် ဥက္ကဋ္ဌဟောင်း ဖြစ်သူ အသက် ၉၄နှစ်အရွယ် ဦးဖုန်ကြားရှင် သည် ယခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က သဝဏ်လွှာပေးပို့လာကြောင်း MNDAAက ထုတ်ပြန်သည်။

လက်ရှိ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်၏ ဖခင်ဖြစ်သူ MNDAA တည်ထောင်သူ နှင့် ဥက္ကဋ္ဌဟောင်း ဖြစ်သူ အသက် ၉၄နှစ်အရွယ် ဦးဖုန်ကြားရှင် သည် ယခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးဖုန်ကြားရှင် ကွယ်လွန်ခြင်းသည် ကိုးကန့်တိုင်းရင်းသားလူမျိုးများနှင့် မြန်မာနိုင်ငံ အမှန်တရား နှင့်တရားမျှတသော အမျိုးသားပါတီ အတွက်သာမက နိုင်ငံတော် ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း ကြီးများသော ဆုံးရှုံးနစ်နာမှု တစ်ရပ်ပင်ဖြစ်သည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှလည်း ကိုးကန့်တိုင်းရင်းသား လူမျိုးများနှင့် ကျန်ရစ်သူမိသားစုဝင်များ နှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရသည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

မေးမြန်းခန်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။