Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ်က ဓာတုလက်နက်၊ ဇီဝလက်နက်တွေ သုံးလာနိုင်တယ်လို့ ဘိုင်ဒန်ပြော

ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို ရုရှားက တိုက်ခိုက်နေတဲ့အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြစ်တင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရုရှားက ဓာတုလက်နက်တွေ သုံးစွဲဖို့ပါ စဉ်းစားလာနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်း စစ်ပွဲမှာ ဓာတုလက်နက်တွေ၊ ဇီဝလက်နက်တွေ အသုံးပြု တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။

ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို ရုရှားက တိုက်ခိုက်နေတဲ့အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြစ်တင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရုရှားက ဓာတုလက်နက်တွေ သုံးစွဲဖို့ပါ စဉ်းစားလာနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ စစ်ပွဲစတင်ပြီး တစ်လနီးပါး ကြာလာချိန်ထိ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို လုံးဝ မသိမ်းပိုက်နိုင်ဘဲ အခက်ကြုံနေရပါတယ်။ ယူကရိန်း တောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရူပိုလ်ကို ရုရှားစစ်တပ်က ပိတ်ဆို့ ဝန်းရံထားပြီး တိုက်ပွဲအရှိန် မြင့်တက်နေပေမယ့် ပြင်းထန်တဲ့ ခုခံမှုတွေကြောင့် ရှေ့တိုးဖို့ ခက်နေဆဲပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းဟာ ဇီဝလက်နက်နဲ့ ဓာတုလက်နက်တွေ သိုလှောင်ထားတယ်လို့ စွပ်စွဲလာခဲ့ပါတယ်။ ဘိုင်ဒန်က ပူတင်အနေနဲ့ ဒီလို လေသံ ဟလာတာဟာ သူကိုယ်တိုင် ဒီလက်နက်တွေကို သုံးစွဲချင်လို့ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ဒီလို တုံ့ပြန် စွပ်စွဲခဲ့တာနဲ့ ပတ်သက်လို့တော့ ဘိုင်ဒန်က အထောက်အထား တစ်ခုခု ကိုးကား ပြသတာ မရှိပါဘူး။

Public Service Announcement

Public Service Announcement

ရုရှားဖက်ကလည်း ဘိုင်ဒန်ရဲ့ စကားအပေါ် လတ်တလော မှတ်ချက် မပေးသေးပါဘူး။ ဒါ့အပြင် ဘိုင်ဒန်က အမေရိကန် စီးပွားရေး လုပ်ငန်းကြီးတွေ အနေနဲ့ ရုရှား ဟက်ကာတွေရဲ့ ဆိုက်ဘာနည်းလမ်းနဲ့ တိုက်ခိုက်လာနိုင်ခြေတွေအတွက် ကြိုတင် ပြင်ဆင်ထားဖို့လည်း သတိပေးသွားပါတယ်။ ဒါဟာ ရုရှား စစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန် တစ်ခုဖြစ်ကြောင်း၊ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် အထိနာနေတဲ့ ရုရှားဟာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လက်စားချေလာနိုင်ကြောင်း ဘိုင်ဒန်က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။