Connect with us

Hi, what are you looking for?

News

ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဟု PDF-Hpruso အသိပေး

တိုက်ပွဲအတွင်း PDF – Hpruso နှင့် အခြားမဟာမိတ်အဖွဲ့များမှ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း PDF-Hpruso က အသိပေးထုတ်ပြန်သည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ယနေ့(မတ်လ ၂၆ ရက်)နေ့လယ်၁၁ နာရီခန့်ကစ၍ ကရင်နီတပ်မတော်(KA)၊ KNDF B0-4 တို့
နှင့်အတူ ခမရ(၄၂၈) စခန်းကိုဝင်ရောက်ပစ်ခတ်ခဲ့ရာ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

တိုက်ပွဲအတွင်း PDF – Hpruso နှင့် အခြားမဟာမိတ်အဖွဲ့များမှ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

မတ်လ ၂၅ ရက်ကလည်း ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်သေဆုံးပြီး KNDF B-15 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။