Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဟု PDF-Hpruso အသိပေး

တိုက်ပွဲအတွင်း PDF – Hpruso နှင့် အခြားမဟာမိတ်အဖွဲ့များမှ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း PDF-Hpruso က အသိပေးထုတ်ပြန်သည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ယနေ့(မတ်လ ၂၆ ရက်)နေ့လယ်၁၁ နာရီခန့်ကစ၍ ကရင်နီတပ်မတော်(KA)၊ KNDF B0-4 တို့
နှင့်အတူ ခမရ(၄၂၈) စခန်းကိုဝင်ရောက်ပစ်ခတ်ခဲ့ရာ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

တိုက်ပွဲအတွင်း PDF – Hpruso နှင့် အခြားမဟာမိတ်အဖွဲ့များမှ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

မတ်လ ၂၅ ရက်ကလည်း ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်သေဆုံးပြီး KNDF B-15 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။