Connect with us

Hi, what are you looking for?

News

ဖမ်းခံထားရတဲ့ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ အမျိုးသမီးထံ ထောင်ဝင်စာပါဆယ်ပို့မရတဲ့အပြင် ကျန်းမာရေး စိုးရမ်ရ

လွန်ခဲ့တဲ့ သုံးပတ်လောက်ကစပြီး မဆုရည်လင်းဆီကို ပေးပို့တဲ့ ပါဆယ်ထုတ်တွေ မရောက်တာကို မိသားစုတွေက သိရှိခဲ့ရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းထံကို ထောင်ဝင်စာပါဆယ်ပို့မရတဲ့အပြင် ကျန်းမာရေးအခြေအနေလည်းစိုးရိမ်ရတယ်လို့ ရန်ကုန်အရှေပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

မဆုရည်လင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရပြီး ဒီလ မတ်လ ၃၁ ရက်မှာ အမိန့်ချမှာလို့ သိရပါတယ်။

လွန်ခဲ့တဲ့ သုံးပတ်လောက်ကစပြီး မဆုရည်လင်းဆီကို ပေးပို့တဲ့ ပါဆယ်ထုတ်တွေ မရောက်တာကို မိသားစုတွေက သိရှိခဲ့ရပါတယ်။

ဒါ့အပြင် မဆုရည်လင်းဟာ နှလုံးမကောင်းတဲ့အတွက် ထောင်တွင်းမှာ နှလုံးဆေးတွေ သောက်နေရပြီး ကုသရာတွင် အထူးကုနဲ့ စနစ်တကျတိုင်ပင်ပြသထားသကဲ့သို့မဟုတ်ဘဲ ဖြစ်သလိုနည်းလမ်းနဲ့ နှလုံးဆေးတွေ တိုက်နေတဲ့အတွက် မိသားစုက အလွန်အမင်းစိုးရိမ်ပူပန်နေရတယ်လို့လည်း ရန်ကုန်အရှေပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မဆုရည်လင်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတဲ့အပြင် မှတ်ပုံတင်အတုကိုင်ဆောင်မှု ၄၂၀ပုဒ်မနဲ့ ထပ်ဆွဲဖို့ တရားရုံးက ကြိုးစားနေတဲ့အကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"