Connect with us

Hi, what are you looking for?

News

မြေပြင်စိုးမိုးရေး တည်ဆောက်နိုင်ရန် အရေးကြီးကြောင်း ယာယီသမ္မတ ပြောကြား

၁၉၉၀ ရွေးကောက်ပွဲအပြီး အာဏာမလွှဲမှုကြောင့် ဖြစ်ပေါ်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ(NCGUB)ကို ချေမှုန်းသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ချေမှုန်းရန် လုပ်ဆောင်နေခြင်းကြောင့် မြေပြင်စိုးမိုးရေးတည်ဆောက်နိုင်ရန် အရေးကြီးကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၄၈)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်က ပြုလုပ်ခဲ့ရာ ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားသည်။

NCGUBအနေဖြင့် နိုင်ငံတကာအရေး၌ အောင်မြင်မှုများရခဲ့သော်လည်း မြေပြင်စိုးမိုးရေးကို မတည်ဆောက်နိုင်ခဲ့၍ ရပ်တန့်သွားခဲ့ရကြောင်း ယာယီသမ္မတက ပြော သည်။

“ဒါကို အစိုးရအဖွဲ့အနေနဲ့ သင်ခန်းစာယူရမယ်၊ ၁၉၉၀ မှာ NCGUBကို ချေမှုန်းသလို ကျွန်​တော်တို့ကိုလည်း ချေမှုန်းဖို့ လုပ်နေတာကြောင့် ကျနော်တို့ရဲ့ အတွေ့အကြုံအရ မြေပြင်စိုးမိုးရေးကို ရရှိအောင်လုပ်ရမှာ အရေးကြီးတယ်၊ မြေပြင်မှာ စီမံခန့်ခွဲမှုလုပ်နိုင်ဖို့က အမျိုးသားညီညွတ်ရေးအစိုးရအတွက် အလွန်အရေးကြီးတယ်၊ နယ်မြေစိုးမိုးရေးအတွက် ပစ္စည်းတွေ၊ ငွေတွေ အင်မတန်အရေးတယ်၊ အဲဒါတွေကို ဦး စားပေးလုပ်ဆောင်ရမယ်၊ ကြားကာလမှာ လုပ်ရမှာက စစ်ကောင်စီပြုတ်ကျရေးဖြစ်တယ်။ မြေပြင်မှာလုပ်ရမယ့်ကိစ္စတွေကို အထူးအလေးထားပြီး လုပ်ဆောင်ဖို့ ထပ်လောင်းပြောကြားလိုတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ကြောင်း NUG သတင်းနှင့် ပြန်ကြားရေး PVTVက သတင်းဖော်ပြသည်။

NUG အနေဖြင့် ရိုဟင်ဂျာအရေးကို ပစ်ပယ်မထားဘဲ အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် NUG၏ လုပ်ဆောင်ချက်များ အရှိန်အဟုန်မကျအောင် ဝိုင်းဝန်းကြိုးစားကြရန်လိုအပ်ကြောင်း၊ ရုန်းကန်ရသည့် အမှန်တရားကို ကမ္ဘာနှင့်ပြည်သူကို အသိပေးရန်လိုကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“ရုန်းကန်ရတဲ့ အမှန်တရားကို ကမ္ဘာကိုသိစေပြီးတော့ ကမ္ဘာနဲ့ လက်တွဲပြီးတော့ အမြန်ဆုံး စစ်ကောင်စီကို ချေမှုန်းပြီး ဖြုတ်ချပြီးတော့ မြန်မာနိုင်ငံသစ်ကို အမြန်ဆုံးထူထောင်ရမယ်။ ပြည်သူလူထုကိုလည်း အားပေးရမယ်၊ ကိုယ်တိုင်လည်း စိတ်ခွန်အားမြှင့်အောင်လုပ် ရမယ်”ဟု ဒူဝါလရှီးလက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ပိုမိုကောင်းမွန်သည့် တော်လှန်ရေး အဆုံးသတ်အတွက် စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ နိုင်ငံခြားရေး ကဏ္ဍ၊ ဘဏ္ဍာရှာဖွေရေးကဏ္ဍစသဖြင့် ကဏ္ဍစုံက ဆက်လက်အားစိုက်ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။