Connect with us

Hi, what are you looking for?

News

ဦးဖုန်ကြားရှင်၏ ဈာပနသို့ NUGက ဒုဝန်ကြီးနှစ်ဦး ပါဝင်သည့်ကိုယ်စားလှယ် အဖွဲ့ စေလွှတ်

ကိုးကန့်လက်နက်ကိုင်တပ် (MNDAA) တည်ထောင်သူနှင့် ဥက္ကဌဟောင်း ဖြစ်သည့် ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားသို့ ဒုတိယဝန်ကြီးနှစ်ဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို စေလွှတ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်သည်။

ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားကို မတ် ၂၉ ရက်မှ ၃၁ရက်အထိ မိုင်းလားလက်နက် ကိုင်အဖွဲ့(NDAA)နယ်မြေ၌ ပြုလုပ်ခဲ့သည်။

မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်တွင် ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားသို့ NUGမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ ဦးဆောင် တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ဟု ခေါ်ဆိုသည့် MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်သည် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ပြီး ရက်ပေါင်း ၄၀ကျော်အကြာတွင် ဈာပန အခမ်းအနား ကျင်းပခဲ့ရာ လူဦးရေ ၃ထောင်ခန့် တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ဒီနေ့က ဥက္ကဋ္ဌဟောင်းကို တောင်ပေါ်မှာ သင်္ဂြိုင်းဂူချတာပေါ့။ဒီနေ့ သူတို့ ပြန်လာရင်တော့ ဈာပနက ပြီးသွားပါပြီ” ဟု MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးဖုန်ကြားရှင် ကွယ်လွန်ခဲ့ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း၊ နှစ်ပေါင်းများစွာကြာ မိမိယုံကြည်ရာ တော်လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့သည့် ဦးဖုန်ကြားရှင် ကောင်းမွန်စွာအနားယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်သည်ဟု NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook