Connect with us

Hi, what are you looking for?

News

မခင်ငြိမ်းသူအပါအဝင် လူငယ် ၁၀ ဦးကို လက်နက်ပုဒ်မနဲ့ ထောင် ၇ နှစ်စီချ ၊
ဖမ်းဆီးချိန် အကြမ်းဖက်ရိုက်နှက်ခံရလို့ ဖူးယောင်နေတဲ့ မခင်ငြိမ်းသူရဲ့ ဓာတ်ပုံကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိသတင်းထုတ်ပြန်ခဲ့ဖူး

ရိုက်နှက်ခံရလို့ မူရင်းမျက်နှာမမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဖူးယောင်ဒဏ်ရာတွေရရှိထားတဲ့ မခင်ငြိမ်းသူရဲ့ ဓာတ်ပုံ နဲ့တကွ ဖမ်းဆီးတဲ့သတင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိ ရှိ ထုတ်လွှင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဧပြီလ က ရန်ကင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတဲ့ မခင်ငြိမ်းသူအပါအဝင် ၁၀ ဦးကိုလက်နက် ဥပဒေပုဒ်မ ၁၉(က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ ဒီနေ့မှာ ချလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးလိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေအသိုင်းအဝိုင်းထံကသိရပါတယ်။

မခင်ငြိမ်းသူတို့ကို ရန်ကင်းမြို့နယ်အတွင်း ဖမ်းမိချိန်က ဖောက်ခွဲဖျက်ဆီးပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာက ကြေညာခဲ့ဖူးပါတယ်။

ဒါအပြင် ဖမ်းဆီးချိန်မှာရော ၊ စစ်ကြောရေးမှာပါ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အကြမ်းဖက် ရိုက်နှက်တာတွေရှိခဲ့ပါတယ်။

ရိုက်နှက်ခံရလို့ မူရင်းမျက်နှာမမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဖူးယောင်ဒဏ်ရာတွေရရှိထားတဲ့ မခင်ငြိမ်းသူရဲ့ ဓာတ်ပုံ နဲ့တကွ ဖမ်းဆီးတဲ့သတင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိ ရှိ ထုတ်လွှင့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးပြီးနောက် လက်နက်ဥပဒေပုဒ်မနဲ့ တရားစွဲတင်ပြီး အင်းစိန်ထောင်မှာဖမ်းဆီးထားကာ တစ်နှစ်နီးပါးရှိလာချိန်မှာ ထောင်ချလိုက်တာပါ။

ချုပ်ရက်ခံစားခွင့်ပေးတယ်လို့သိရပေမယ့် စွဲဆိုထားတဲ့ ပုဒ်မရဲ့အမြင့်ဆုံးချနိုင်တဲ့ ထောင်ဒဏ်ကို ချလိုက်တာလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

Facebook