Connect with us

Hi, what are you looking for?

LuduNwayOo

News

မခင်ငြိမ်းသူအပါအဝင် လူငယ် ၁၀ ဦးကို လက်နက်ပုဒ်မနဲ့ ထောင် ၇ နှစ်စီချ ၊
ဖမ်းဆီးချိန် အကြမ်းဖက်ရိုက်နှက်ခံရလို့ ဖူးယောင်နေတဲ့ မခင်ငြိမ်းသူရဲ့ ဓာတ်ပုံကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိသတင်းထုတ်ပြန်ခဲ့ဖူး

ရိုက်နှက်ခံရလို့ မူရင်းမျက်နှာမမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဖူးယောင်ဒဏ်ရာတွေရရှိထားတဲ့ မခင်ငြိမ်းသူရဲ့ ဓာတ်ပုံ နဲ့တကွ ဖမ်းဆီးတဲ့သတင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိ ရှိ ထုတ်လွှင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဧပြီလ က ရန်ကင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတဲ့ မခင်ငြိမ်းသူအပါအဝင် ၁၀ ဦးကိုလက်နက် ဥပဒေပုဒ်မ ၁၉(က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ ဒီနေ့မှာ ချလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးလိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေအသိုင်းအဝိုင်းထံကသိရပါတယ်။

မခင်ငြိမ်းသူတို့ကို ရန်ကင်းမြို့နယ်အတွင်း ဖမ်းမိချိန်က ဖောက်ခွဲဖျက်ဆီးပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာက ကြေညာခဲ့ဖူးပါတယ်။

ဒါအပြင် ဖမ်းဆီးချိန်မှာရော ၊ စစ်ကြောရေးမှာပါ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အကြမ်းဖက် ရိုက်နှက်တာတွေရှိခဲ့ပါတယ်။

ရိုက်နှက်ခံရလို့ မူရင်းမျက်နှာမမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဖူးယောင်ဒဏ်ရာတွေရရှိထားတဲ့ မခင်ငြိမ်းသူရဲ့ ဓာတ်ပုံ နဲ့တကွ ဖမ်းဆီးတဲ့သတင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိ ရှိ ထုတ်လွှင့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးပြီးနောက် လက်နက်ဥပဒေပုဒ်မနဲ့ တရားစွဲတင်ပြီး အင်းစိန်ထောင်မှာဖမ်းဆီးထားကာ တစ်နှစ်နီးပါးရှိလာချိန်မှာ ထောင်ချလိုက်တာပါ။

ချုပ်ရက်ခံစားခွင့်ပေးတယ်လို့သိရပေမယ့် စွဲဆိုထားတဲ့ ပုဒ်မရဲ့အမြင့်ဆုံးချနိုင်တဲ့ ထောင်ဒဏ်ကို ချလိုက်တာလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။