Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်စတင်ဖို့ ကူညီမယ်လို့ စစ်ကောင်စီကို တရုတ်ပြော၊ ပြည်တွင်းစီပွားရေးအခက်အခဲကြုံနေရတာကို စိုးရိမ်နေတယ်လို့ တရုတ်ကို စစ်ကောင်စီအသိပေး

မြန်မာပြည်တွင်း နိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့ အကောင်အထည်ဖော်ရေး ကိုလည်း ကူညီလိုတယ်လို့ တရုတ်ဘက်က စစ်ကောင်စီကို ပြောလိုက်ပါသေးတယ်။

ဓာတ်ပုံ − CRI Myanmar /FB

ရွေးကောက်ခံအရပ်သားအစိုးရ ကိုဖြုတ်ချထားတဲ့ အာဏာသိမ်းစစ်ကောင်စီကို ဒီမိုကရေစီ အသွင်ကူးပြောင်ေးရး ပြန်လည်စတင်ဖို့ ထောက်ပံကူညီလိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောလိုက်ကြောင်းတရုတ်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုမှာ ဝမ်ယိက ပြောလိုက်တာပါ။

မြန်မာပြည်တွင်း နိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့ အကောင်အထည်ဖော်ရေး ကိုလည်း ကူညီလိုတယ်လို့ တရုတ်ဘက်က စစ်ကောင်စီကို ပြောလိုက်ပါသေးတယ်။

ဒါအပြင် နှစ်နိုင်ငံသဘောတူထားတဲ့ အဓိက စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို တရုတ်က တိုက်တွန်းလိုက်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခက်အခဲတွေကြုံနေရတာကို စိုးရိမ်နေတယ်လို့ တရုတ် ကိုပြောပါတယ်။

တရုတ်ဘက်ကလည်း မြန်မာနိုင်ငံရဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ပေးသွားတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပြီး တစ်နှစ်ကျော်ကြာတဲ့အထိ မြန်မာ့အရေးကို သတိထားပြီး ချဉ်းကပ်နေတဲ့ တရုတ်နိုင်ငံ ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ခေါ်ပြီး လက်ခံတွေ့ဆုံတာဟာ ခြေလှမ်းသစ်တစ်ခု စတင်လိုက်တာလို့ ပြည်တွင်းနိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

Facebook