Connect with us

Hi, what are you looking for?

News

ရေစကြိုနယ် ​ရေလယ်ကျွန်း​ဒေသရွာများကို အကြမ်းဖက်စစ်တပ် ဝင်စီးနင်း မီးရှို့ဖျက်ဆီးပြီး ထွက်​ပြေးတိမ်း​ရှောင်သည့် သက်ကြီးရွယ်အိုနှစ်ဦးအား ပစ်သတ်သွား

ရေလယ်ကျွန်းဒေသသည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့်ဒေသတစ်ခုဖြစ်ပြီး နယ်မြေချင်းထိဆက်နေသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများရှိ PDF များနှင့်ပါ ပူးပေါင်းပြီး စစ်ကောင်စီအား ခုခံတော်လှန်နေကြသည်။

(မီးလောင်ကျွန်းတောင်ဘက်ရွာ အသက်(၆၀)ကျော် မသန်စွမ်းသူဦးမြင့်အား အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်ခဲ့၍ ခေါင်းထုတ်ချင်းဖောက်ပြီး သေဆုံးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- yaylalkyunnews)

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ဖျက်ဆီးမီးရှိူ့ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သည့် သက်ကြီးရွယ်အိုနှစ်ဦးအား ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ယမန်နေ့နံနက် ၈နာရီခန့်မှစ၍ အကြမ်းဖက်စစ်တပ်က အင်အား ၁၅၀ဝန်းကျင်ဖြင့် နှစ်ဘက်ညှပ်စစ်ကြောင်းထိုး၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် မီးလောင်ကျွန်းရွာ(တောင်ဘက်)မှ (၆၀)ကျော် မသန်စွမ်းအမျိုးသားဖြစ်သူ ဦးမြင့်အား အဝေးသို့ပြေးခိုင်းကာ နောက်မှနေ၍ ဦးခေါင်းတည့်တည့်အားချိန်၍ ပစ်သတ်ခဲ့ကြောင်း၊ ထို့​အပြင် ခြံယာကျေးရွာမှ အသက် (၆၃)နှစ်အရွယ် ဒေါ်မြမွှေးသည်လည်း စစ်ရှောင်‌ရန်ပြေးလွှားရင်း နောက်ကျောအား ပစ်သတ်ခံခဲ့ရကြောင်း၊ ဖမ်းဆီးခံထားရသော အပြစ်မဲ့စစ်ရှောင်ပြည်သူများလည်းများစွာရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“ဒီကနေ့ မနက်ပိုင်းမှာလည်း ဖြုံဘူးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။ ပေါက်တောရွာမြောက်ဖျားကိုလည်း လက်နက်ကြီးတွေကော ပစ်ခတ်ပြီး ဝင်မွှေနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်ကျွန်းရွာသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် လက်နက်ကြီးများ ပစ်ဖောက်ဝင်ရောက်စီးနင်းပြီး မီးလောင်ကျွန်းတောင်ပိုင်းရှိ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ထောက်ခံသောနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးလောင်ပျက်စီးသွားသည့် နေအိမ် ၁၅လုံး လုံးမှာ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ထောက်ခံသူများဖြစ်ကြောင်း၊ နေအိမ်ရှင်များမှာ စစ်ကောင်စီအားဆဲဆိုနေကြကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် မီးလောင်ကျွန်းကျေးရွာ (တောင်ဘက်)၊ မိဖုရားကျေးရွာ၊ ခြံယာကျေးရွာ၊ လှေခုတ်ကျေးရွာများမှ ဈေးဆိုင်များအပါအဝင် ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားပြီး ဆိုင်ကယ်များ၊ ကျေးရွာအတွင်းမှ ပစ္စည်းများအားလည်း မီးရှို့ဖျက်ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများသိမ်းဆည်း ယူဆောင်ခြင်းများပြုလုပ်သွားကြောင်း၊ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မည်သည့်ပစ္စည်းမျှ သိမ်းဆည်းယူဆောင်နိုင်ခြင်းမရှိ၍ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာများအားလုံး မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

လှေခုတ်ကျေးရွာတွင် နေအိမ် ​ခြောက်လုံးထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျေးရွာရှိ စာကြည့်တိုက်နှင့်နတ်စင်ပါ မီးလောင်ပျက်စီးသွားခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းတွင်တိမ်းရှောင်နေသော ရွာသူရွာသားများထံမှ ပိုက်ဆံနှင့်ဖုန်းများပါသိမ်းယူသွားကြောင်း၊ ရွှေလှံ၊ ဆင်ခြေယာကျေးရွာများကိုလည်း ဝင်ရောက် မွှေနှောက်ဖျက်ဆီးသွားခဲ့ကြောင်း၊ ထို့အပြင် လှေခုတ်ရွာမှ ပြည်သူ ငါးဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ရေလယ်ကျွန်းဒေသသည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့်ဒေသတစ်ခုဖြစ်ပြီး နယ်မြေချင်းထိဆက်နေသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများရှိ PDF များနှင့်ပါ ပူးပေါင်းပြီး စစ်ကောင်စီအား ခုခံတော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။