Connect with us

Hi, what are you looking for?

News

ကော်သူးလေမှာ တစ်လအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်က ၂၂ ဦးကျဆုံးသွားခဲ့ပြီး ၃၅ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ KNLA KNDO တပ်နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တို့အကြား မတ်လ တစ်လတာအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၄၂၉) ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ဘက်က (၂၆၀) ဦး ဒဏ်ရာရရှိသွားတဲ့အပြင် စစ်ကောင်စီကား ၃၅ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်က ၂၂ ဦးကျဆုံးသွားခဲ့ပြီး ၃၅ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအဲန်ယူနဲ့ စစ်အုပ်စုတို့အကြား နေ့စဉ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ BGFဘက်က ဒေသခံတွေနေထိုင်တဲ့ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်ခဲ့ကြပြီး ဒီလိုပစ်ခတ်မှုကြောင့် အရပ်သား ၂၅ ဦးသေဆုံးကာ ၃၁ ဒဏ်ရာရရှိသွားခဲ့သေးတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကေအဲန်ယူ ညောင်လေးပင်၊ ဖာပွန်နဲ့ ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်အဆောက်အဦးတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုငွေ စုစုပေါင်း ၃၇ သိန်းကို ခိုးယူမှုရှိခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သိန်း ၁၀၀၀ ခန့်တန်ဖိုးရှိတဲ့ ပြည်သူလူထုတွေရဲ့ စည်းစိမ်ဥစ္စာနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲ စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်မှု၊ လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုနဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀၀၀၀၀ ကျော်ဟာ နေရပ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook