Connect with us

Hi, what are you looking for?

News

အာရှလမ်းမကြီးတွင် သေနတ်သံထွက်ပေါ်ပြီးနောက် ကုန်တင်ကားတစ်စီး လမ်းဘေးထိုးကျ၊ ယာဥ်မောင်းသေဆုံး

ကျွဲ၊နွားများ တင်ဆောင်လာသည် ကုန်တင်ကားတစ်စီး လမ်းဘေး မြောင်းထဲကျကာ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု ကော့ကရိတ်မြို့ ပုလဲဖြူလူမှုကူညီရေးအသင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးတွင် သေနတ်သံ ထွက်ပေါ်ပြီးနောက် ကုန်တင်ကားတစ်စီးလမ်းဘေးသို့ ထိုးကျသွားကာ ယာဥ်မောင်းဖြစ်သူ ဒဏ်ရာအပြင်းအ ထန်ရပြီး သေဆုံးသွားသည်။

အထက်ပါဖြစ်ရပ်သည် အာရှလမ်းမကြီး တတန်ကူး နှင့် ကော့နွဲ့ကြားလမ်းပိုင်းတွင် ယနေ့(ဧပြီ၁၀ရက်) နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ကျွဲ၊နွားများ တင်ဆောင်လာသည် ကုန်တင်ကားတစ်စီး လမ်းဘေး မြောင်းထဲကျကာ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု ကော့ကရိတ်မြို့ ပုလဲဖြူလူမှုကူညီရေးအသင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းနေရာပတ်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းအဖွဲ့ပါ ရှိနေပြီး သေနတ်သံထွက်ပေါ်ပြီးနောက် လမ်းဘေးသို့ ကားထိုးကျသွားခြင်းဟု ဒေသခံတစ်ဦးကပြောသည်။ ကုန်တင်ကားသည် သေနတ်အပစ်ခံရခြင်းမဟုတ်ဘဲ သေနတ်သံကြောင့် ယာဥ်မောင်းလန့်ဖြန့်ကာ လမ်းဘေးသို့ ကားထိုးကျသွားခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် လူထုနှင့်အတူ ရပ်တည်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ကရင်ပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး ခရီးသွားပြည်သူများ အသက်အန္တရာယ်မဖြစ်စေရေးအတွက် အာရှလမ်းအသုံးပြုခွင့်ကိုယာယီပိတ်ပင်ထား​သည်။

သို့​သော်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများက အာရှလမ်းတွင် ကားများ၊ခရီးသွားများ ပုံမှန်သွားလာနေသည်ဟု သတင်းမှားများ ထုတ်လွှင့်နေသည်။ စစ်ကောင်စီ၏ လော်ဘီအကောင့်များကလည်း အာရှလမ်းတွင် ပုံမှန်အတိုင်းကုန်သွယ်သွားလာနေကြသည်ဟု မကြာခဏ ရေးသားနေကြသည်။ ထိုအပြင် စစ်​ကောင်စီတပ်က ပြည်သူများအ​ယောင်​ဆောင်၍ ပြည်သူ့ကားများနှင့်​ရော​ယောင်သွားလာမှုရှိ​နေ​ကြောင်းလည်းသတင်းထွက်​ပေါ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။