ယနေ့ ညနေ ၆ နာရီခန့်က Ranger of Mandalay မှ ဗိုလ် Phoenix နှင့် Justice Mandalay PDF မှရဲဘော်ရှဲဒိုးတို့က မန္တလေးဘူတာကြီးအတွင်း စစ်ကောင်စီ၏ စစ်ကိုင်းသို့ ထောက်ပို့သွားမည့်ရထားကို ဗုံးတစ်လုံးခွဲတိုက်ခိုက်ရာရထားနောက်ခန်းပျက်စီးသွားကြောင်း မန္တလေးမြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစု(ARFOM) ကလည်း ထုတ်ပြန်သည်။
“ကျွန်တော်တို့ရဲ့မဟာမိတ် ညီအစ်ကိုများ ကင်းအထပ်ထပ် ချထားတဲ့ကြားမှရအောင်ပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ဘယ်လောက်ပဲ ခက်ခဲ့ပါစေ ကျွန်တော်တို့မဟာမိတ်ညီအစ်ကိာများ ပူးပေါင်း၍ စခ/ရခများအား တိုက်ထုတ်သွားမည်ဟု ကတိသစ္စာပြုပါသည်”ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။