Connect with us

Hi, what are you looking for?

News

မြို့ပြ​ပြောက်ကျားအဖွဲ့က မန်းဘူတာကြီးတွ င်စစ်ကိုင်း​ထောက်ပို့သွားမည့်ရထားကို ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းသို့ ​ထောက်ပို့သွားမည့်ရထားအား မန္တ​လေးဘူတာကြီးအတွင်း စစ်​ကောင်စီတပ်က ကင်းအထပ်ထပ်ချထားသည့်ကြားမှ ယ​နေ့ (ဧပြီ ၇) ဗုံးခွဲတိုက်ခိုက်ခဲ့​ကြောင်း Ranger of Mandalay ကသတင်းထုတ်ပြန်သည်။

(မန္တ​လေးဘူတာကြီး(ပုံအ​​ဟောင်းဖြစ်ပါသည်)

ယ​နေ့ ည​နေ ၆ နာရီခန့်က Ranger of Mandalay မှ ဗိုလ် Phoenix နှင့် Justice Mandalay PDF မှရဲ​ဘော်ရှဲဒိုးတို့က မန္တ​လေးဘူတာကြီးအတွင်း စစ်​ကောင်စီ၏ စစ်ကိုင်းသို့ ​ထောက်ပို့သွားမည့်ရထားကို ဗုံးတစ်လုံးခွဲတိုက်ခိုက်ရာရထား​နောက်ခန်းပျက်စီးသွား​ကြောင်း မန္တ​​လေးမြို့ပြ​ပြောက်ကျားမဟာမိတ်တပ်​ပေါင်းစု(ARFOM) ကလည်း ထုတ်ပြန်သည်။

“ကျွန်တော်တို့ရဲ့မဟာမိတ် ညီအစ်ကိုများ ကင်းအထပ်ထပ် ချထားတဲ့ကြားမှရအောင်ပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ဘယ်လောက်ပဲ ခက်ခဲ့ပါစေ ကျွန်တော်တို့မဟာမိတ်ညီအစ်ကိာများ ပူးပေါင်း၍ စခ/ရခများအား တိုက်ထုတ်သွားမည်ဟု ကတိသစ္စာပြုပါသည်”ဟုလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေက သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး အချက်သုံးချက် တောင်းဆိုခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့‌နယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီတပ်က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ ဂျက်ဖိုက်တာ၊ Y-12နဲ့ ပါရာမော်တာတွေသုံးပြီး ဗုံးကြဲနေပါတယ်။

သတင်း

လွန်ခဲ့တဲ့​လေးလခန့်က စစ်ကိုင်းမြို့မှာ စက်သုံးဆီသယ်ယာဥ်တွေကို လိုက်လံဖမ်းဆီးငွေညှစ်နေတဲ့ ရဲကားတစ်စီးကို ပစ်ခတ်ခဲ့ရာ ကားပေါ်ပါ ဒုရဲအုပ်နဲ့ ပြည်သူ့စစ် သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။