Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ် ရေကျော်ရွာကို စစ်ကောင်စီတပ်မီးရှို့၊ ကျွန်းရင်းရွာကို ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၍ အဘိုးအိုတစ်ဦးသေဆုံးဟု ဒေသခံပြော

“ရှောင်နေကြရပြီ။ကျွန်တော်တို့ ရွာတစ်ရွာတင်မကဘူး ဒီနားကရွာ လေးငါး ခြောက်ရွာလောက် ရှောင်လိုက်ရတာ။ မနက်မိုလင်းလင်းချင်း စစ်ကြောင်းထိုးတာဆိုတော့ ၈နာရီလောက်က စရှောင်ကြတာ” ဟု ကျွန်းရင်းရွာခံက ပြောသည်။

မကွေးတိုင်း ပေါက်မြို့နယ် ရေကျော်ရွာကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့နေကြောင်းနှင့် ကျွန်းရင်းရွာကိုလည်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၍ အရပ်သားသေဆုံးထိခိုက်မှုရှိကြောင်း ပေါက်ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာနဲ့ ရေကျော်ရွာရယ်ပေါ့။ ကျွန်တော်တို့ ကျွန်းရင်းက ပေါက်မြို့နယ် အစွန်ဆုံးမှာ။ ပေါက်ရယ် ၊ ပခုက္ကူရယ် ၊ ဆိပ်ဖြူရယ် ၃နယ် ဆုံတဲ့နေရာမှာ။ သူတို့က ဘယ်လိုကြောင့်လဲတော့ မသိဘူး ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ စစ်ကြောင်းကလည်း သုံးကြောင်းလောက်နဲ့လာတာ။ လောလောဆယ် က ရေကျော်ရွာကိုတော့ မီးရှို့နေတယ်။ ၁၁ခွဲလောက်ကစပြီး။ အိမ်ခြေ ဘယ်နှလုံး ဘယ်လိုလောင်တယ် ဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့ ကျွန်းရင်းရွာထဲမှာတော့ သက်ကြီးရွယ်အိုတစ်ဦး ရဟတ်ယာဉ်က ပစ်တာဗိုက်မှန်ပြီးသေတယ်။ ထိခိုက်ဒဏ်ရာတွေလည်းရှိတယ်”ဟု ကျွန်းရင်းရွာခံတစ်ဦးက ပြောသည်။

Public Service Announcement

မည်သည့်အတွက်ကြောင့် စစ်ကြောင်းထိုးလာသည်ကို အသေးစိတ်မသိရသေးကြောင်း၊ ယခင်ကလည်း စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျွန်းရင်းရွာခံများ နှစ်ကြိမ်ထွက်ပြေးတိမ်းရှောင်ရဖူးကြောင်း ၎င်းက ဆိုသည်။

“ရှောင်နေကြရပြီ။ကျွန်တော်တို့ ရွာတစ်ရွာတင်မကဘူး ဒီနားကရွာ လေးငါး ခြောက်ရွာလောက် ရှောင်လိုက်ရတာ။ မနက်မိုလင်းလင်းချင်း စစ်ကြောင်းထိုးတာဆိုတော့ ၈နာရီလောက်က စရှောင်ကြတာ” ဟု ကျွန်းရင်းရွာခံက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် အဆိုပါဒေသ၌ လမ်းပိုင်းအချို့ကို အသုံးမပြုရန် ပြည်သူများအား ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်က သတိပေးထားသည်။

ပေါက်- ဆိပ်ဖြူလမ်းနှင့် မြေနီလမ်းအား ယနေ့ ဧပြီ ၇ရက်မှစ၍ လုံး၀အသုံးမပြုရန် ပေါက် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၄)က ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

Facebook