Connect with us

Hi, what are you looking for?

News

ချင်းဆက်လမ်းပေါ်တွင် စစ်ကောင်စီခန့် တအုံရွာအုပ်ကြီးနှင့် ပျူစောထီး အဖွဲ့ဝင်ကို Black Wolf PDF ရှင်းလင်း

ယနေ့(ဧပြီ ၇ ရက်)မွန်းလွဲ ၂နာရီခွဲခန့်က ရွှေဘိုမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ် တအုံကျေးရွာ အနီးတွင် တအုံကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျောက်ထွန်းနှင့်ပျူစောထီးအဖွဲ့ဝင် ကိုရွှေနန်းတို့ နှစ်ဦးအား ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း Black Wolf PDF အဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျောက်မြောင်း-စစ်ကိုင်းခရိုင် ချင်းဆက်လမ်းပေါ် တွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီခန့် တအုံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရွှေဘိုနယ်အခြေ စိုက် Black Wolf PDFအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၇ ရက်)မွန်းလွဲ ၂နာရီခွဲခန့်က ရွှေဘိုမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ် တအုံကျေးရွာ အနီးတွင် တအုံကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျောက်ထွန်းနှင့်ပျူစောထီးအဖွဲ့ဝင် ကိုရွှေနန်းတို့ နှစ်ဦးအား ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း Black Wolf PDF အဖွဲ့က ဆိုသည်။

စစ်ကောင်စီခန့် အုပ်ကြီး ကျော်ထွန်းနှင့် ပျူစောထီး ရွှေနန်းတို့သည် စစ်ကောင်စီထံ သတင်းပေးခြင်း၊ ကျေးရွာပြည်သူများအား လက်နက်အားကိုး ခြိမ်းခြောက်ခြင်း၊ ကျေးရွာ များအား မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ ရွှေဘိုတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီ နှင့် ဆက်သွယ်ခြင်း၊ ကော့ရွာရှိ ပျူစောထီးများနှင့် ပူးပေါင်းခြင်း၊ လူသစ်စု ဆောင်းမှုပြုလုပ် နေခြင်းတို့ကို သေချာစေရန် အချိန်လေးလခန့် စောင့်ကြည့်ပြီးနောက် ယနေ့ (ဧပြီ ၇ရက်) နေ့လယ်ပိုင်း တအုံကျေးရွာအနောက်ဘက် ရွှေဘို-ကျောက်မြောင်း လမ်းပေါ်တွင် ကျွန်တော်တို့ BLACK WOLF – PDF အထူးတပ်သားများမှ သင်္ကြန်လက်ဆောင်ဖောင်းဒိုင်း (၈)ချက် ကျွေးကာ ဝမ်းသာစွာသုတ်သင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Black Wolf PDF အဖွဲ့သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့