Connect with us

Hi, what are you looking for?

News

ရုရှားကို ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံလိုက်

ထောက်ခံမဲပေးသူများတာကြောင့် ရုရှားကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံလိုက်တယ်လို့ ကုလက ကြေညာပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ကျုးကျော်စစ်ဆင်နွှဲပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံကနေ ဆိုင်းငံဖို့ ဒီနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။

လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံကနေ ရုရှားကို ဆိုင်းငံဖို့ မဲခွဲရာမှာ ထောက်ခံမဲပေးတဲ့ နိုင်ငံ ၉၃ နိုင်ငံ ၊ ကန့်ကွက်မဲ ၅၈ နိုင်ငံနဲ့ ကြားနေမဲ ၄၇ နိုင်ငံကပေးခဲ့တယ်လို့သိရပါတယ်။

ထောက်ခံမဲပေးသူများတာကြောင့် ရုရှားကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံလိုက်တယ်လို့ ကုလက ကြေညာပါတယ်။

ဒီလို ဆိုင်းငံတဲ့လုပ်ရပ်ဟာ ရှားပါးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဆန္ဒပြသူတွေကိုအကြမ်းဖက်တဲ့အတွက် ကဒါဖီဦးဆောင်တဲ့ လစ်ဗျား ကို အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဘက်ကတော့ ထောက်ခံမဲပေးတဲ့ နိုင်ငံတွေဟာ မိတ်ဆွေမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတိပေးခဲ့ကြောင်းသိရပါတယ်။

ကိုးကား − ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။