Connect with us

Hi, what are you looking for?

News

ကုလလူ့အခွင့်အရေးကောင်စီမှ ရုရှားကို ဆိုင်းငံ့ခြင်းဆိုင်ရာဆုံးဖြတ်ချက်ကို မြန်မာ ထောက်ခံမဲပေး

ဧပြီ ၇ရက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့ပြီး အထက်ပါ ဆုံးဖြတ်ချက်အဆိုကို ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။

▪️ယူကရိန်းတွင် ရုရှား၏ ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုပုံရိပ်များက မြန်မာစစ်တပ်၏ ပြည်သူလူထုအပေါ်ကျူးလွန်မှုများကို ပြန်လည်မြင်ယောင်စေဟု သံအမတ်ကြီးပြော

ယူကရိန်းအတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ရုရှားကို ဆိုင်းငံ့ခြင်းဆိုင်ရာဆုံးဖြတ်ချက်တွင် မြန်မာက ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ကာ ထောက်ခံမဲပေးခဲ့သည်။

ဧပြီ ၇ရက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့ပြီး အထက်ပါ ဆုံးဖြတ်ချက်အဆိုကို ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ရုရှားကိုဆိုင်းငံ့ခြင်းဆိုင်ရာအဆိုအား ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂၄ မဲ၊ ကြားနေမဲ ၅၈ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါမဲပေးမှုတွင် ဒေသတွင်းနိုင်ငံများအနက် မြန်မာနှင့် ဖိလစ်ပိုင်တို့သာ ထောက်ခံမဲပေးခဲ့ ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း တို့ ကြားနေမဲပေးကာ လာအိုနှင့် ဗီယက်နမ်တို့က ကန့်ကွက်မဲပေးခဲ့သည်။

တရားမဝင် စစ်တပ်အာဏာရှင်အုပ်စု၏ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်နေရသော မြန်မာပြည်သူများသည် ယူကရိန်း၊ ဘူချာမြို့နှင့် အခြားဒေသများမှ ပုံရိပ်များအပေါ် ပို၍ ကိုယ်ချင်းစာနာမိကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအထွေထွေညီလာခံ၌ ပြောသည်။

ယင်းပုံရိပ်များကြောင့် မြန်မာစစ်တပ်၏ လူမဆန်သည့် များစွာသောလုပ်ရပ်များအနက် ကနီမြို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ဖရူဆိုမြို့နယ်၊ မိဆိုကျေးရွာ၌ လူမဆန်သည့် သတ်ဖြတ်မှု၊ မတူပီမြို့နယ် အဓမ္မဖမ်းဆီးခြင်းနှင့် ရိုက်နှက်သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူ့အိုးအိမ်ပစ္စည်းများအား ဖျက်ဆီးခြင်း စသည်တို့ကို ထပ်လောင်း သတိရစေကြောင်းလည်း ဆက်လက် ပြောသည်။

အဆိုပါ မြန်မာစစ်တပ်ကျူးလွန်သော ပြစ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သောပြစ်မှုမြောက်နိုင်သည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများနှင့် အခြားကျွမ်းကျင်သူများက ကောက် ချက်ချထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။