Connect with us

Hi, what are you looking for?

News

မြိုင်တွင်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းသင့်၊ မပူးပေါင်းသင့် စစ်တမ်းကောက်ယူ

မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းသင့်သလားဟူသော မေးခွန်း ဒေသခံများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ၍ ယင်းကဲ့သို့ စစ်တမ်းကောက်ယူခြင်းဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၉ရက်) သတင်းထုတ်ပြန်သည်။

People's Spring
People's Spring

စစ်အာဏာရှင်တော်လှန်ရေးတွင် လက်သံပြောင်နေသည့် မြိုင်မြို့နယ်တွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တစ်စုတစ်စည်းတည်း ပူးပေါင်းသင့် ၊မပူးပေါင်းသင့်ကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်၍ စစ်တမ်းကောက်ယူနေသည်။

မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းသင့်သလားဟူသော မေးခွန်း ဒေသခံများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ၍ ယင်းကဲ့သို့ စစ်တမ်းကောက်ယူခြင်းဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၉ရက်) သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်တွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းသင့်၊ မပူးပေါင်းသင့်နှင့် စစ်ရေးတွင်သာ ပူးပေါင်းသင့်(သို့မဟုတ်) လက်နက်ခဲယမ်းထုတ်လုပ်ရေးတွင်သာ ပူးပေါင်းသင့်ဆိုသည့် အချက်နှင့်အတူ နောက်ဆုံးအနေဖြင့် ငွေရေးကြေးရေးတွင် မျှဝေပူးပေါင်းသင့်၊မသင့်ကို စစ်တမ်းကောက်ယူနေခြင်း ဖြစ်သည်။

အထက်ပါစစ်တမ်းကို တယ်လီဂရမ်(Telegram)linkhttps://t.me/+UExnyoZFcBoyMDE1 မှတစ်ဆင့် ကောက်ယူမည်ဖြစ်ပြီး ဧပြီ ၁၆ရက်အထိ ဆန္ဒမဲပေးနိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တမ်းကောက်ယူမည့်သတင်းကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှ ထုတ်ပြန်ရာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းသင့်ကြောင်း ပြည်သူလူထုက အများဆုံး မှတ်ချက်ပေးကြသည်။

” Local PDFတွေနဲ့ပူးပေါင်းသင့်ပါတယ် စစ်ရေး ထုတ်လုပ်ရေး ငွေရေးကြေးရေး အားလုံးပေါ့ တစ်ချို့ တပ်ဖွဲ့တွေမှာ ထုတ်လုပ်ရေးမှာ အခက်အခဲရှိတာတွေ ငွေရေးကြေးရေး လိုအပ်နေတာတွေကြောင့် ပူးပေါင်းရင် ပိုအဆင်ပြေလာမယ်” ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

လူထုစစ်တမ်းကောက်ခြင်းအား ကြိုဆိုပြီး ပြည်သူ့ကာကွယ်းရေးအဖွဲ့များ အကောင်းဆုံး အဖြေရှာကြရန်လည်း တိုက်တွန်းကြသည်။

“ဘုံရန်သူဟာ တစ်ခုထဲ ဖြစ်တဲ့အတွက် အရေးတော်ပုံအောင်ရမည်”ဟုဆိုကာ အကောင်းဆုံးအဖြေကိုရှာသွားမည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရေးသားထားသည်။

မြိုင်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊God Of Myaing၊ Myaing Village Revolution Force-M.V.R.Fအပြင်အခြားသော ပြည်သူ့ကာကွယ် ရေးအဖွဲ့များလည်း ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီအား တိုက်ခိုက်နေသလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း NUGအစိုးရ၏ လမ်းညွှန်မှုနှင့်အတူ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook