Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၂ လောင်းနဲ့ လက်နက်တွေ သိမ်းစည်းရမိထားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ပြော

လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေအတန်အကြာ ငြိမ်သက်နေရာကနေ ဒီကနေ့မနက်စောပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့လို့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု တနေကုန်ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းတစ်ကြောင်းလုံး ဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေအတန်အကြာ ငြိမ်သက်နေရာကနေ ဒီကနေ့မနက်စောပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့လို့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု တနေကုန်ဖြစ်ပွားခဲ့တာပါ။

KNLA ပူးပေါင်းအဖွဲ့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က အလင်းဝင်ရောက်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်မ ၇၇ က CDM ဗိုလ်ကြီးတို့တွေကပါ လက်နက်ကြီးနဲ့ ကိုယ်တိုင်လမ်းညွှန် ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်ဆုံး ၂၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိနေပြီး စစ်ကောင်စီ အလောင်း ၁၂ လောင်းနဲ့ လက်နက်ခဲယမ်း၊ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိတဲ့အပြင် တပ်မ ၄၄ က ဗိုလ်ကြီးတစ်ဦးကိုလည် လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထပ်မံသိမ်းဆည်းရမိတဲ့ အလောင်းနဲ့ လက်နက်စတဲ့ စာရင်းတွေကို လတ်တလောအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် မထုတ်ပြန်နိုင်သေးဘူးလို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

ဒီလို စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေများပြားနေလို့ တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီး လေးကေကော်က နေအိမ်တွေအနည်းဆုံး ၁၀ လုံးခန့် ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။

KNLA ပူးပေါင်းအဖွဲ့ကတော့ လတ်တလောရရှိထားတဲ့စာရင်းတွေအရ ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။