Connect with us

Hi, what are you looking for?

News

လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၂ လောင်းနဲ့ လက်နက်တွေ သိမ်းစည်းရမိထားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ပြော

လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေအတန်အကြာ ငြိမ်သက်နေရာကနေ ဒီကနေ့မနက်စောပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့လို့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု တနေကုန်ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းတစ်ကြောင်းလုံး ဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေအတန်အကြာ ငြိမ်သက်နေရာကနေ ဒီကနေ့မနက်စောပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့လို့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု တနေကုန်ဖြစ်ပွားခဲ့တာပါ။

KNLA ပူးပေါင်းအဖွဲ့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က အလင်းဝင်ရောက်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်မ ၇၇ က CDM ဗိုလ်ကြီးတို့တွေကပါ လက်နက်ကြီးနဲ့ ကိုယ်တိုင်လမ်းညွှန် ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်ဆုံး ၂၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိနေပြီး စစ်ကောင်စီ အလောင်း ၁၂ လောင်းနဲ့ လက်နက်ခဲယမ်း၊ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိတဲ့အပြင် တပ်မ ၄၄ က ဗိုလ်ကြီးတစ်ဦးကိုလည် လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထပ်မံသိမ်းဆည်းရမိတဲ့ အလောင်းနဲ့ လက်နက်စတဲ့ စာရင်းတွေကို လတ်တလောအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် မထုတ်ပြန်နိုင်သေးဘူးလို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

ဒီလို စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေများပြားနေလို့ တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီး လေးကေကော်က နေအိမ်တွေအနည်းဆုံး ၁၀ လုံးခန့် ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။

KNLA ပူးပေါင်းအဖွဲ့ကတော့ လတ်တလောရရှိထားတဲ့စာရင်းတွေအရ ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook