Connect with us

Hi, what are you looking for?

News

နမ့်ဆန်တွင် ရှေ့တန်းမှစစ်သားလေးဦးထွက်ပြေးပြီး TNLA ထံခိုလှုံ

စ်တပ်အသိုင်းအဝိုင်းအတွင်းလူမဆန်စွာ အုပ်ချုပ်နေပြီး ပြည်သူလူထုကို သတ်ဖြတ်နေသလို နာမည်ပျက်နေပြီဖြစ်သည့်တပ်မတော်ကို စွန့်ခွာခဲ့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်ပယ်အသီးသီးက တိုက်တွန်းနေသည်။

(စစ်​ကောင်စီတပ်ကိုစွန့်ခွာ၍ TNLAထံခိုလှုံလာသူများ)

ရှမ်းပြည်နယ်​မြောက်ပိုင်းနမ့်ဆန်မြို့တွင် ရှေ့တန်းတာဝန်ကျနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်သားလေးဦး ထွက်ပြေး၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA ထံ ခိုလှုံလာခဲ့သည်။

နမ့်ဆန်မြို့နမ့်ခေးရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်းမှ စစ်သားလေးဦး ထွက်ပြေးလာခဲ့ခြင်းဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက People’s Springသို့ ပြောသည်။

” ပြေးလာတာ တစ်ပတ်လောက်ရှိပြီ။ တပ်ထဲမှာ နှိပ်စက်တာတွေ၊ ခွဲခြားဆက်ဆံတာတွေ မခံနိုင်လို့ ပြေးလာတာလို့ ပြောတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ယနေ့(ဧပြီ ၁၀ရက်) ပြောသည်။

လေးဦးစလုံးသည် လက်နက်ခဲယမ်းများကို ထားခဲ့ကာ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။လတ်တလောတွင် TNLA စောင့်ရှောက်မှုအောက်၌ အန္တရာယ်ကင်းစွာ ရှိနေ​ကြောင်း ယင်းစစ်သားများနှင့် တွေ့ဆုံခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင်များသည့် တပ်ဖွဲ့ဝင်အဆင့်ဆင့်ကို ဖိနှိပ်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့်အယုံအကြည်မရှိဘဲ ရှေ့တန်း၌ အတင်းအကြပ်စေခိုင်းမှုများရှိနေသည်ဟု လေးကေကော်ဒေသစစ်ဆင်ရေးတွင် KNU ထံ ပူးပေါင်းလာသည့် စစ်ကောင်စီအရာရှိအချို့က ၎င်းတို့အ​တွေ့အကြုံကိုပြောထားသည်။

စစ်တပ်အသိုင်းအဝိုင်းအတွင်းလူမဆန်စွာ အုပ်ချုပ်နေပြီး ပြည်သူလူထုကို သတ်ဖြတ်နေသလို နာမည်ပျက်နေပြီဖြစ်သည့်တပ်မတော်ကို စွန့်ခွာခဲ့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်ပယ်အသီးသီးက တိုက်တွန်းနေသည်။

ထိုအပြင် နိုင်ငံတစ်ဝန်း စစ်​ကောင်စီကို ခုခံတွန်းလှန်စစ်အရှိန်မြှင့်တင်လာခြင်း ၊အကြမ်းဖက်စစ်​ကောင်စီ၏ လူမဆန်​အောင်ရက်စက်မှုများ​ကြောင့် ဆက်လက်တာဝန်မထမ်း​ဆောင်လို​တော့သဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောတပ်မ​တော်သားများလည်း ဆက်တိုက်တိုးလာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။