Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ် ဇီးတောရွာကို စစ်ကောင်စီတပ် မီးရှို့နေဟု ဒေသခံပြော

စစ်ကောင်စီတပ်သည် ယနေ့ နံနက်ကလည်း ပေါက် တောင်ပိုင်း ကင်းမအုပ်စု ဒိန်ကွင်းရွာကိုလည်း မီးရှို့ခဲ့သည်ဟု Pauk Alliance Groupက ဖော်ပြထားသည်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ဇီးတော​ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ယနေ့(ဧပြီ ၁၀ရက်)တွင် မီးရှို့နေကြောင်း ဒေသခံတစ်ဦးက ပြော သည်။

“အခု ညဦးပိုင်းလောက်မှာ ရှို့ကြတယ်လို့ ကြားတယ်။ မနက်ကလည်း ဒိန်ကွင်းရွာကိုလည်းရှို့တယ်။ အဲဒီရွာမှာ ပြည်သူတွေကို ဖမ်းထားတာတွေရှိတယ်လို့လည်းကြားတယ်”ဟု ဒေသခံက ပြောသည်။

ထို့သို့ မီးမရှို့မီ ဇီးတောရွာမှ ပစ္စည်းများကိုစစ်ကောင်စီနှင့် ပျူစောထီးများက ခိုးယူသယ်ဆောင်ခြင်းများရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်ကလည်း ပေါက် တောင်ပိုင်း ကင်းမအုပ်စု ဒိန်ကွင်းရွာကိုလည်း မီးရှို့ခဲ့သည်ဟု Pauk Alliance Groupက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ခုနစ်ဦးနှင့် လက်နက်ခဲယမ်း ကုန်ကြမ်းတင်ယာဉ် သုံးစီးကို ပေါက် PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့က ဧပြီ ၆ရက်က ဖမ်းဆီးခဲ့သည်။ ထို့နောက် စစ်ကောင် စီတပ်သည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်အတွင်းနှင့် ဆက်စပ်ဒေသရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့မှုများ လုပ်ဆောင်ခဲ့ရာ ကျေးရွာခြောက်ရွာထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဧပြီ ၇ရက်မှစ၍ စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကျေးရွာများမှာ ပေါက်မြို့နယ် ရေကျော်ရွာ၊ ကျောင်းကုန်းရွာ၊ ဒိန်ကွင်းရွာ၊ ဇီးတောရွာ ဆိပ်ဖြူမြို့နယ် လယ်သာရွာ၊ ပခုက္ကူမြို့နယ် မြစ်ဖျားရွာတို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook