Connect with us

Hi, what are you looking for?

News

တော်လှန်ရေးအရှိန်အဟုန်ပျက်စေမည့် သင်္ကြန်ပွဲ ဆင်နွှဲခြင်းမပြုရန် ရန်ကုန်​တော်လှန်​ရေးအင်အားစုများသတိ​ပေး

သင်္ကြန်ကာလတွင်း တော်လှန်ရေးနှင့်မည်သို့မျှမသက်ဆိုင်သော ဖျော်ဖြေရေးအစီအစဉ်များပြုလုပ်၍ စစ်ကောင်စီ၏ ဖန်တီးသင်္ကြန်ကို အားပေးအားမြှောက်ပြုလုပ်မည့် အနုပညာရှင်များအားလည်း လုပ်ရပ်များဆင်ခြင်နိုင်ရန် သတိပေးခဲ့ပြီး ၎င်းပျော်ပွဲ၊ရွှင်ပွဲနေရာများသို့ သွားလာခြင်းမပြုပဲ ရှောင်ရှားခြင်းဖြင့် ကူညီပေးကြပါရန် ပြည်သူများအား မေတ္တာရပ်ခံ အသိပေးနှိိုးဆော်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီမှ ရိုးရာသင်္ကြန်ကို ခုတုံးလုပ်၍ ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခြင်း၊ ပွဲလမ်းသဘင်များ ကျင်းပ‌စေခြင်းဖြင့် လူထုနှင့်တော်လှန်ရေး ရေချိန်ကို ဆွဲချရန် ဖိအားပေးဆောင်ရွက်လာပြီဖြစ်၍ လူထုကိုအခြေမပြုသောသင်္ကြန်ပွဲအား ဆင်နွှဲခြင်းမပြုပဲ အာဏာရှင်တော်လှန်ရေး ခရီးဆက်ကြရန်၊ တော်လှန်ရေးသတိကပ်ရန် ရန်ကုန်မြို့‌ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၊ သပိတ်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်း၍ ပြည်သူများအား သတိ​ပေးနှိုးဆော်သည့် ကြေငြာချက်ကို ဧပြီ ၁၀ရက်က ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီနှင့် ထိစပ်စီးပွားရေးအရ အခွန်ငွေများပေးဆောင်ကာ လူငယ်များတော်လှန်ရေး အာရုံထွေပြားစေမည့် ပျော်ပွဲ၊ရွှင်ပွဲများဖြစ်သည့် Bar များ၊ Club များ၊ မဏ္ဍပ်များနှင့် Music Festival များပြုလုပ်လျက်ရှိသော ခရိုနီအသိုင်းဝိုင်းနှင့် စီးပွားရေးသမားများအား အဓမ္မအားပေး လုပ်ရပ်များရပ်တန်းကရပ်ရန် ပြင်းထန်စွာ သတိပေးကြောင်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

သင်္ကြန်ကာလတွင်း တော်လှန်ရေးနှင့်မည်သို့မျှမသက်ဆိုင်သော ဖျော်ဖြေရေးအစီအစဉ်များပြုလုပ်၍ စစ်ကောင်စီ၏ ဖန်တီးသင်္ကြန်ကို အားပေးအားမြှောက်ပြုလုပ်မည့် အနုပညာရှင်များအားလည်း လုပ်ရပ်များဆင်ခြင်နိုင်ရန် သတိပေးခဲ့ပြီး ၎င်းပျော်ပွဲ၊ရွှင်ပွဲနေရာများသို့ သွားလာခြင်းမပြုပဲ ရှောင်ရှားခြင်းဖြင့် ကူညီပေးကြပါရန် ပြည်သူများအား မေတ္တာရပ်ခံ အသိပေးနှိိုးဆော်ခဲ့သည်။

ထပ်မံ၍ တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်ခဲ့သည့် ကျဆုံးအာဇာနည်သူရဲကောင်းများ၊ ထောင်တွင်းနှိပ်စက်မှုဒဏ်ခံ၍ ပေးဆပ်နေသောရဲဘော်များ၊ တောတွင်း တိုက်ပွဲဝင်နေသော ရဲဘော်များ၊ စစ်‌ဘေးရှောင်ဒုက္ခသည်ပြည်သူများနှင့် အဖိနှိပ်ခံလူမျိုးစုများအား စော်ကားသကဲ့သို့ ပြုမူဆောင်ရွက်‌နေမှုများ ရပ်တန့်ပေးပါရန် လေးနက်စွာသတိပေးအပ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ သပိတ်အဖွဲ့အစည်းများ၊ PDF၊ LPDF နှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုအဖွဲ့အစည်းအသီးသီး၊ EAOs၊ EROsများ၊ မြို့ပြပြောက်ကျားများနှင့် အနယ်နယ်အရပ်ရပ်ရှိ တော်လှန်ပြည်သူများမှ စစ်အာဏာရှင်ကျဆုံးရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တော်လှန်ရေးနည်းနာပေါင်းစုံ၊ ဘက်ပေါင်းစုံမှ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲများ ဟန်ချက်ညီစွာ ပုံဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။