Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှု​ကြောင့် မြန်မာ့စီးပွား​ရေးစံချိန်တင်ကျဆင်း

အာဏာသိမ်းမူကြောင့် ဆင်းရဲနွမ်းမူသည် ၂၀၂၂နှစ်ဆန်းပိုင်းတွင် ၂၀၁၉ထက် နှစ်ဆရှိလာမည်ဟုလည်း ကမ္ဘာဘဏ်က တွက်ချက်ထားသည်။

အလှူရှင်နှင့်​စေတနာ့ဝန်ထမ်းများက လှူဒါန်း​သော ဟင်းသီးဟင်းရွက်များကို ယူ​နေကြ​သော ရန်ကုန်မြို့ ဆင်​ခြေဖုံးရပ်ကွက်တစ်ခုမှ ပြည်သူများ

စစ်တပ်အာဏာသိမ်းမူကြောင့် မြန်မာ့စီးပွားရေးကျဆင်းမူသည် သမိုင်းတလျောက်စံချိန်တင်နှုန်းဖြစ်​သော ၁၈ ရာခိုင်နှုန်းအထိ့ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင်လအတွက်ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးလေ့လာမူအစီရင်ခံစာတွင်ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၀အောက်တိုဘာ ၁ရက်မှ ၂၀၂၁ စက်တင်ဘာ ၃၀ ရက်အထိ စီးပွားရေးကျဆင်းမူသည် ၁၈ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ရာစုနှစ်တဝက်ကျော်အတွင်း စီးပွားရေးအကြီးအကျယ်ကျဆင်းမူဖြစ်သည်ဟု ကမ္ဘာ၏ စာရင်းများတွင်ဖော်ပြထားသည်။

ထိုနှုန်းသည် စီးပွားရေးထိခိုက်များရှိခဲ့သည့် ၂၀၂၀ကို အခြေခံတွက်ချက်ထားရခြင်းကြောင့်ဖြစ်ပြီး စစ်အာဏာသိမ်းမူနှင့်ကိုဗစ်ရိုက်ခတ်မူမရှိခင် ၂၀၁၉နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျဆင်းခြင်းဖြစ်လိမ်မည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

မြန်မာ့စီးပွားရေးသည် ၁၉၈၈ ခုနှစ် ၈၈၈၈ ပြည်သူ့လှုပ်ရှားမူကြီးအပြီး စစ်အာဏာသိမ်းမှုအပြီးတွင် ၁၁ ဒဿမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ဖူးသော်လည်း ၂၀၂၁ စစ်အာဏာသိမ်းမူက ထိုထက် ၇ ရာခိုင်နှုန်းခန့် ပိုဆိုး​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အလုပ်အကိုင်များ၊ဝင်ငွေများ ဆုံးရှုံးတဲ့ နည်းတူ ကျန်းမာရေးနဲ့ အစားအသောက် ဖူလုံမူမရှိတဲ့ ဘေးအန္တရာယ်တွေက ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းပြင်းထန်တန် ထိခိုက်ခံစားရတဲ့ အဆင်းရဲဆုံးနဲ့ အင်အားအနည်းဆုံး ပြည်သူတွေဟာ လူနေမူဘဝသက်သာချောင်ချိရေးအတွက် အခက်အခဲကြီးစွာ ရင်ဆိုင်ရပါလိမ့်မယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်၊ မာရီယမ်ရှာမန်ကပြောသည်။

အာဏာသိမ်းမူကြောင့် ဆင်းရဲနွမ်းမူသည် ၂၀၂၂နှစ်ဆန်းပိုင်းတွင် ၂၀၁၉ထက် နှစ်ဆရှိလာမည်ဟုလည်း ကမ္ဘာဘဏ်က တွက်ချက်ထားသည်။

ယခုစီးပွားရေးပျက်စီးမူသည် အသက်မွေးဝမ်းကြောင်း ကဏ္ဍများကို အကြီးအကျယ်ပျက်စီးစေ​ကြောင်းလည်း​ဖော်ပြထားသည်။ အလုပ်အကိုင် တစ်သိန်းက ဆုံးရှုံးခဲ့ရပြီး ထိုပမာဏသည် ၂၀၁၉အလုပ်အကိုင်ပမာဏ၏ လေးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းကြားရှိသည်။

အာဏာသိမ်းမူက စီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာသက်ရောက်ခဲ့သော်လည်း မေနှင့်ဇွန်လများတွင် ဖြေလျော့ပေးမူ အရိပ်ယောင်များပြလာခဲ့သည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

သို့သော်လည်း ကာလအားလုံးကို ခြုံကြည့်လျှင် စီးပွားရေးလုပ်ငန်းများ အားနည်းနေဆဲဖြစ်သည်ဟု ကမ္ဘာဘဏ်ကသုံးသပ်သည်။

ငွေသားစီးဆင်းမူ ခက်ခဲလာခြင်းက စီးပွားရေးလုပ်ငန်းများအတွက် ငွေသားပေးခြင်းနှင့်ငွေသားလက်ခံခြင်းတို့အပေါ် သက်ရောက်မူရှိပြီး စီးပွားရေးလုပ်ငန်းများအပေါ်သက်ရောက်မူကြီးမည်ဟုလည်းဆိုသည်။ ဗဟိုဘဏ်က ဘဏ်ခွဲများဖွင့်လှစ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း ဘဏ်ဝန်ဆောင်မူများက အကန့်အသတ်ရှိနေဆဲဖြစ်သည်။

ငွေသားရိုက်နှိမ်ရန် ကုန်ကြမ်းပြတ်လပ်မှုနှင့် သက်ဆိုင်နေသည်ဟုလည်း ကမ္ဘာဘဏ်ကသုံးသပ်သည်။ အာဏာသိမ်းခဲ့သည့် ၅ လကျော်အတွင်း ကျပ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ကမ္ဘာဘဏ်ကဆိုသည်။ လောင်စာဆီဈေးနှုန်းများလည်း ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်ဟုပါရှိသည်။

အာဏာသိမ်းမူနှင့် ကိုဗစ်ရိုက်ခတ်မူတို့ကြောင့် အခွန်ရရှိမူသည်လည်း GDP၏ ၆ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာဘဏ်ကဆိုသည်။ ထိုပမာဏသည် ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို ရောက်ရှိမည်ဟုဆိုသည်။

အာဏာသိမ်းခဲ့သည့် ၅လကျော်အတွင်း ပို့ကုန်တန်ဖိုးသည် ၁၈ ရာခိုင်နှုန်း၊ သွင်းကုန်သည် ၂၆ ရာခိုင်နှုန်း ယခင်ကာလထက် လျော့နည်းခဲ့သည်ဟုလည်း ဆိုသည်။

စစ်အာဏာသိမ်းကြောင့် တရားမဝင်လုပ်ငန်းနှင့်မှောင်ခိုလုပ်ငန်းများကြီးထွားလာပြီး မြန်မာသမိုင်းတလျောက် တွေ့မြင်ခဲ့ရသည့် နိုင်ငံအတွင်းဗဟိုပြုသည့် စနစ်များပြန်လည်အသက်ဝင်လာသည်ဟု ကမ္ဘာဘဏ်က​ဖော်ပြထားသည်။

ဤလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းပါက ဆယ်နှစ်ကျော် တည်ဆောက်ခဲ့သည့် စီးပွားရေးအသီးအပွင့်များနှင့် ဖွံဖြိုးရေး အုတ်မြတ်များပြောင်းပြန်လှန်လိုက်သကဲ့သို့ဖြစ်သွားမည်ဟု ကမ္ဘာဘဏ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။

Facebook