Connect with us

Hi, what are you looking for?

အတွေးအမြင်

ပင်လယ်ဘူးတိုက်ပွဲဝင် KIAရဲဘော်တစ်ဦး၏ရင်တွင်းဖြစ်

အောက်ပြည်အောက်ရွာအထိတိုက်ပွဲဝင်ဖို့​ရွေးချယ်ခြင်းခံရတဲ့အချိန်စိတ်ထဲမှာဘဝင်တော့သိပ်မကျပေမဲ့​တာဝန်အရဆိုတော့လည်းငြင်းဆန်လို့မရ​​တဲ့အဆုံး အမိမြေကချင်​​ပြည်နယ်​ကြီးကိုစွန့်ခွာ​ကာ​ရေစိမ်းမြေစိမ်း တစ်ကြိမ်တစ်ခါမျှအိမ်မက်ပင်မမက်ခဲ့ဖူးသောအောက်ပြည်အောက်ရွာသို့စစ်ချီခဲ့ပါတယ်။

(ပင်လည်ဘူးတိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီထံမှ သိမ်းဆည်းရမိ​သော လက်နက်၊ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းအချို့ ဓါတ်ပုံ-CJ)

ဂီ​ဒေါင်ဘရန်း

အောက်ပြည်အောက်ရွာအထိတိုက်ပွဲဝင်ဖို့​ရွေးချယ်ခြင်းခံရတဲ့အချိန်စိတ်ထဲမှာဘဝင်တော့သိပ်မကျပေမဲ့​တာဝန်အရဆိုတော့လည်းငြင်းဆန်လို့မရ​​တဲ့အဆုံး အမိမြေကချင်​​ပြည်နယ်​ကြီးကိုစွန့်ခွာ​ကာ​ရေစိမ်းမြေစိမ်း တစ်ကြိမ်တစ်ခါမျှအိမ်မက်ပင်မမက်ခဲ့ဖူးသောအောက်ပြည်အောက်ရွာသို့စစ်ချီခဲ့ပါတယ်။ကချင်ပြည်နယ်မှစစ်ကိုင်းတိုင်းအထိသွားရတာခက်ခဲမှုပေါင်းများစွာနဲ့ပါ။

ကျွန်တော်တို့သွားခဲ့တဲ့အောက်​ပြည် အောက်ရွာခရီးလမ်းတစ်လျှောက်လက်သီးလက်မောင်းသန်းကာအရေးတော်ပုံအောင်ရမည်ဆိုပြီးရွာတိုင်းလိုလို အသံကုန်အော်ဟစ်သောအသံများ၊….ကျွန်တော်တို့ကိုကယ်တင်ရှင်ကြီးများလိုအားကိုးနေသောမျက်လုံးများ၊ စားစရာ ငှက်ပျောသီး ၊မုန့်ဖက်ထုတ် မုန့်မျိုးစုံ၊ ဖျော်ရည် ၊​ဆေး​ပေါလိပ် လမ်းတစ်လျှောက်ဧည့်ခံပေးသောရွာသားများ၏စေတနာနှင့်ချစ်ခြင်းမေတ္တာများ..ထမင်းစားသွားဖို့အကြိမ်ကြိမ်ခေါ်ကာသားတို့ရယ် စခများကိုနိုင်အောင်တိုက်ပေးပါနော်။ အမေကြီးတို့ရှိသမျှစည်းစိမ်ပြုတ်ရင်ပြုတ်ပါစေ..ခံရဲပါတယ်။ အခုလည်းအိမ်မရှိ​တော့ဘူးဒီကောင်​တွေကိုနိုင်​အောင် အမြစ်ပြတ်အောင်တိုက်ပေးကြတဲ့..

အခုအချိန်မှာသူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်ဟာကျွန်တော်တို့ကချင်​ပြည်သူတွေထက်အဆပေါင်းများစွာအားကြီးနေတာတွေ့ရတော့ ကျွန်တော်တို့KIAရဲဘော်များနှင့်PDFများတိုက်ပွဲဝင်ဖို့ပိုပြီးတာဝန်​ကြီးသလို ​အားအင်​တွေလည်းတက်ခဲ့ရပါတယ်။စစ်ကိုင်းတိုင်းမှာနေရတာကျွန်​တော်တို့ကချင်ပြည်နယ်ထက်နည်းနည်း​တော့ပူပေမယ့် ပြည်သူများ၏မေတ္တာစေတနာများ​​ ကြောင့်အေးမြပါတယ်။သူတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေကိုတွေ့မြင်ပြီးကျွန်တော့တို့နုလုံးသားတွေလည်းတို့ထိကာ ကိုယ်စွမ်းရှိသမျှအဆုံးထိတိုက်ပွဲဝင်ဖို့အားခဲထားကြပါတယ်။

Public Service Announcement

Public Service Announcement

ပင်လည်ဘူးတိုက်ပွဲဟာနှစ်ဦးနှစ်ဘက်အကြိတ်အနယ်တိုက်ခဲ့ရတဲ့တိုက်ပွဲပါ။နှစ်ရက်အတွင်းရန်သူများမှလေယာဥ်ဖြင့်ဆယ်ကြိမ်မကဗုံးကျဲတိုက်ခိုက်ခဲ့ကြတယ်။လက်နက်ကြီးငယ်အမြှောက်မော်တာအစုံဖြင့်တိုက်ခိုက်ခဲ့ကြတယ်။ကျွန်တော်တို့ဘက်မှာလည်းရှိသမျှလက်နက်များဖြင့်အားကုန်၊ယမ်းကုန်တိုက်ခိုက်ခဲ့ကြတယ်။လေယာဥ်ဗုံးကျဲအနိုင်ကျင့်တိုက်ခိုက်မှုကြောင့်သာ ဤတိုက်ပွဲမှာ KIA နှင့် PDFရဲဘော်များ၏အသက်များပေးဆပ်ခဲ့ယုံမကထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ပါတယ်။ ရန်သူဘက်မှလည်းတော်တော်အထိနာသည့်ပွဲပါ.​၎င်းတို့၏လက်နက်ခဲယမ်းများနှင့်ရိက္ခာပစ္စည်းအမြောက်အများကိုလည်းသိမ်းပိုက်ရရှိခဲ့ပါတယ်။

ကျွန်တော်တို့ဘက်မှ အားနည်းချက်မှာ နာ​ကြည်းချက်များထပ်ခါထပ်ခါ စုပုံနေ​ပြီ​ဖြစ်သော ပြည်မဘက်မှ PDFလူငယ်များ၏စိတ်အားထက်တန်မှုနှင့်စိတ်ဓါတ်တတ်ကြွမှုကိုထိန်းချုပ်ဖို့ခက်ခဲ​ခြင်း ။စစ်ကိုင်းတိုင်းတစ်လျှောက်မြို့ရွာများမှပြည်သူများ၏ဆုံးရှုံးမှုပေးဆပ်အနစ်ခံမှုများနှင့် နိုင်အောင်တိုက်ပေးကြပါနော်သားလေးတို့ရယ်…ဆိုသည့်ရင်ကွဲသံများကြောင့် မိမိတို့အထက်ခေါင်းဆောင်များကဆုတ်ဆိုသော်လည်းနာခံမှုမရှိနိုင်တော့ဘဲရှေ့တိုးတိုက်ခိုက်ခဲ့​ကြခြင်းတို့ကြောင့်ဖြစ်သည်။…နောက်​နောင်တိုက်ပွဲများတွင်ခံစားချက်ကိုရှေ့တန်းအလွန်အမင်းမထားမိဖို့..အထက်အမိန့်ကိုနာခံဖို့ ကျွန်​တော်တို့၏အဖိုးတန်လှသည့်အသက်များဖြင့်စတေးကာ မျက်ရည်များနှင့်အတူသင်ခန်းစာရရှိခဲ့တဲ့တိုက်ပွဲပါ။

Crd. LSLH

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Facebook