Connect with us

Hi, what are you looking for?

News

သင်္ကြန်နှင့် နှစ်ကူးကာလ၌ မပျော်ရွှင်ဖွယ်နေ့ရက်များ ဖြတ်ကျော်နေရသည့်အပေါ် စိတ်မကောင်းဟု ဇိုမီးတပ် ထုတ်ပြန်

ZFU/PDF-Zoland က ဗမာတိုင်းရင်းသားများသို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ZFU/PDF Zoland မှ ရဲ​ဘော်များကို ​တွေ့ရစဥ်)

▪️ခံစားနေရသည့် နာကျည်းမှုများအား ပြည်သူအချင်းချင်းကြား စည်းလုံးမှု၊ ရိုင်းပင်းမှုများဖြင့် ကျော်ဖြတ်ကြရန် တိုက်တွန်း

ယခုကျရောက်သည့် ဗမာတိုင်းရင်းသားများ၏ အတာသင်္ကြန်နှင့် နှစ်သစ်ကူးအခါသမယတွင် ယခုကဲ့သို့ မပျော်ရွှင်ဖွယ်နေ့ရက်များအား ဖြတ်ကျော်နေရသည့် အတွက် ဇိုမီးလူမျိုးများအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဇိုးမီးဖက်ဒရယ်အစည်းအရုံး/ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း(ZFU/PDF Zoland) က ထုတ်ပြန်သည်။

ZFU/PDF-Zoland က ဗမာတိုင်းရင်းသားများသို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကာလသည် တိုင်းရင်းသားလူမျိုးများအားလုံး စိတ်ရောကိုယ်ပါ နွမ်းလျနာကျင်ရသည့်ကာလ ဖြစ်လင့် ကစားများမကြာမီအချိန်တွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ ရည်ရွယ်ရာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိမည်ဟု မုချယုံကြည်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခုခံစားနေရသည့် နာကျည်းမှုများအား ပြည်သူအချင်း ချင်းကြား စည်းလုံးမှု၊ ရိုင်းပင်းမှုများဖြင့် ကျော်ဖြတ်ကာ ပြည်သူအားလုံး (လက်ရှိတွင် ပြည်ထောင်စုကြီးအား ဖျက်စီးနေသည့် သူများပင်လျှင်) စံစားနိုင်မည့် လှပသည့် အနာဂတ်ပြည်ထောင်စုကြီးအား တိုင်းရင်းသားအားလုံးလက်တွဲညီညာစွာ တည်ဆောက်ရင်း ဆက်လက် တိုက်ပွဲဝင်ကြပါစို့ဟု ညှိုးငယ်စွာ အားပေးတိုက်တွန်းလိုကြောင်း ZFUက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောင်လာမည့် ပျော်ရွှင်စရာ နှစ်သစ်ကူးများအား မျှော်လင့်ဆန္ဒပြုနေသည်ဟုလည်း ဖော်ပြထား သည်။

PDF-Zoland သည် ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ