Connect with us

Hi, what are you looking for?

LuduNwayOo

News

သင်္ကြန်နှင့် နှစ်ကူးကာလ၌ မပျော်ရွှင်ဖွယ်နေ့ရက်များ ဖြတ်ကျော်နေရသည့်အပေါ် စိတ်မကောင်းဟု ဇိုမီးတပ် ထုတ်ပြန်

ZFU/PDF-Zoland က ဗမာတိုင်းရင်းသားများသို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ZFU/PDF Zoland မှ ရဲ​ဘော်များကို ​တွေ့ရစဥ်)

▪️ခံစားနေရသည့် နာကျည်းမှုများအား ပြည်သူအချင်းချင်းကြား စည်းလုံးမှု၊ ရိုင်းပင်းမှုများဖြင့် ကျော်ဖြတ်ကြရန် တိုက်တွန်း

ယခုကျရောက်သည့် ဗမာတိုင်းရင်းသားများ၏ အတာသင်္ကြန်နှင့် နှစ်သစ်ကူးအခါသမယတွင် ယခုကဲ့သို့ မပျော်ရွှင်ဖွယ်နေ့ရက်များအား ဖြတ်ကျော်နေရသည့် အတွက် ဇိုမီးလူမျိုးများအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဇိုးမီးဖက်ဒရယ်အစည်းအရုံး/ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း(ZFU/PDF Zoland) က ထုတ်ပြန်သည်။

ZFU/PDF-Zoland က ဗမာတိုင်းရင်းသားများသို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကာလသည် တိုင်းရင်းသားလူမျိုးများအားလုံး စိတ်ရောကိုယ်ပါ နွမ်းလျနာကျင်ရသည့်ကာလ ဖြစ်လင့် ကစားများမကြာမီအချိန်တွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ ရည်ရွယ်ရာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိမည်ဟု မုချယုံကြည်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခုခံစားနေရသည့် နာကျည်းမှုများအား ပြည်သူအချင်း ချင်းကြား စည်းလုံးမှု၊ ရိုင်းပင်းမှုများဖြင့် ကျော်ဖြတ်ကာ ပြည်သူအားလုံး (လက်ရှိတွင် ပြည်ထောင်စုကြီးအား ဖျက်စီးနေသည့် သူများပင်လျှင်) စံစားနိုင်မည့် လှပသည့် အနာဂတ်ပြည်ထောင်စုကြီးအား တိုင်းရင်းသားအားလုံးလက်တွဲညီညာစွာ တည်ဆောက်ရင်း ဆက်လက် တိုက်ပွဲဝင်ကြပါစို့ဟု ညှိုးငယ်စွာ အားပေးတိုက်တွန်းလိုကြောင်း ZFUက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောင်လာမည့် ပျော်ရွှင်စရာ နှစ်သစ်ကူးများအား မျှော်လင့်ဆန္ဒပြုနေသည်ဟုလည်း ဖော်ပြထား သည်။

PDF-Zoland သည် ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။