Connect with us

Hi, what are you looking for?

News

မူကြိုကျောင်းထဲထိလာဖမ်းသွားတဲ့ကလေးငယ်လေးရဲ့ မိခင် မဝေအပါအဝင် ၁၆ ဦးကို စစ်ကောင်စီဖမ်းဆီးထား

မဝေကိုတော့ ဧပြီလ ၅ ရက်မနက်ပိုင်းက အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီးဖမ်းမိတာလို့ဆိုထားပါတယ်။

ဓာတ်ပုံ − မြန်မာနောင်းမ်

◾️အသက် ၃ နှစ်အရွယ် ကလေးငယ်ရဲ့သတင်းကို စစ်ကောင်စီ သတင်းအမှောင်ချ

အလုံမြို့နယ် မူကြိုကျောင်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်ရဲ့ မိခင် မဝေခေါ် မသီရိဝေ အပါအဝင် ၁၆ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

မဝေအပါအဝင် ဖမ်းမိထားသူတွေဟာ သင်္ကြန်ကာလအတွင်းဖောက်ခွဲရေးလုပ်မယ့်သူတွေလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

မဝေကိုတော့ ဧပြီလ ၅ ရက်မနက်ပိုင်းက အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီးဖမ်းမိတာလို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိထားသူတွေထဲမှာ အမျိုးသား ၁၄ ဦးနဲ့အမျိုးသမီး ၂ ဦးပါဝင်ပြီး လက်နက် ၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိတာလို့လည်း စစ်ကောင်စီက သတင်းဖြန့်ထားပါတယ်။

သင်္ကြန်ကာလမရောက်ခင် ဧပြီလ ၅ ရက် မှာ မဝေဖမ်းခံရပြီးနောက် နာရီပိုင်းအတွင်း ၃ နှစ်အရွယ်သားဖြစ်သူကို အလုံမြို့နယ်မှာရှိတဲ့ မူကြိုကျောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဒီသတင်းကို စစ်ကောင်စီဘက်က အမှောင်ချထားပေမယ့် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မှာတော့ ပျံနှံ့နေပါတယ်။

ဧပြီလ ၅ ရက်နေ့ဟာ မဝေရဲ့သားဖြစ်သူမွေးနေ့ဖြစ်တာကြောင့် အဲဒီနေ့ မနက်ပိုင်း မူကြိုကျောင်းမှာ ကြက်ဆီထမင်းလှူခဲ့သေးတယ်လို့သိရပါတယ်။

မြန်မာနောင်းမ် မီဒီယာရဲ့ဖော်ပြချက်အရတော့ အဲဒီနေ့မှာ မဝေကိုဖမ်းဆီးပြီး အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက် Best Choice မူကြိုကျောင်းဆရာမတွေ ၊ သူငယ်ချင်းတွေနဲ့အတူ ရှိနေတဲ့ မွေးနေ့ရှင် မောင်သန့်ဘုန်းဝေယံကို သွားရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မောင်သန့်ဘုန်းဝေယံနဲ့အတူနေကြတဲ့ မဝေရဲ့ မိဘတွေနဲ့ မောင်ဖြစ်သူဟာလည်းနေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ BBC မြန်မာပိုင်းကလည်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ မဝေတို့ကို ဖမ်းဆီးတဲ့ အကြောင်းသာဖော်ပြထားပြီး ၃ နှစ်အရွယ် ကလေးငယ်ရဲ့သတင်းကို တစ်စုံတစ်ရာဖော်ပြထားတာမျိုးမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook