Connect with us

Hi, what are you looking for?

News

မူကြိုကျောင်းထဲထိလာဖမ်းသွားတဲ့ကလေးငယ်လေးရဲ့ မိခင် မဝေအပါအဝင် ၁၆ ဦးကို စစ်ကောင်စီဖမ်းဆီးထား

မဝေကိုတော့ ဧပြီလ ၅ ရက်မနက်ပိုင်းက အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီးဖမ်းမိတာလို့ဆိုထားပါတယ်။

ဓာတ်ပုံ − မြန်မာနောင်းမ်

◾️အသက် ၃ နှစ်အရွယ် ကလေးငယ်ရဲ့သတင်းကို စစ်ကောင်စီ သတင်းအမှောင်ချ

အလုံမြို့နယ် မူကြိုကျောင်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်ရဲ့ မိခင် မဝေခေါ် မသီရိဝေ အပါအဝင် ၁၆ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

မဝေအပါအဝင် ဖမ်းမိထားသူတွေဟာ သင်္ကြန်ကာလအတွင်းဖောက်ခွဲရေးလုပ်မယ့်သူတွေလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

မဝေကိုတော့ ဧပြီလ ၅ ရက်မနက်ပိုင်းက အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီးဖမ်းမိတာလို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိထားသူတွေထဲမှာ အမျိုးသား ၁၄ ဦးနဲ့အမျိုးသမီး ၂ ဦးပါဝင်ပြီး လက်နက် ၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိတာလို့လည်း စစ်ကောင်စီက သတင်းဖြန့်ထားပါတယ်။

သင်္ကြန်ကာလမရောက်ခင် ဧပြီလ ၅ ရက် မှာ မဝေဖမ်းခံရပြီးနောက် နာရီပိုင်းအတွင်း ၃ နှစ်အရွယ်သားဖြစ်သူကို အလုံမြို့နယ်မှာရှိတဲ့ မူကြိုကျောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဒီသတင်းကို စစ်ကောင်စီဘက်က အမှောင်ချထားပေမယ့် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မှာတော့ ပျံနှံ့နေပါတယ်။

ဧပြီလ ၅ ရက်နေ့ဟာ မဝေရဲ့သားဖြစ်သူမွေးနေ့ဖြစ်တာကြောင့် အဲဒီနေ့ မနက်ပိုင်း မူကြိုကျောင်းမှာ ကြက်ဆီထမင်းလှူခဲ့သေးတယ်လို့သိရပါတယ်။

မြန်မာနောင်းမ် မီဒီယာရဲ့ဖော်ပြချက်အရတော့ အဲဒီနေ့မှာ မဝေကိုဖမ်းဆီးပြီး အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက် Best Choice မူကြိုကျောင်းဆရာမတွေ ၊ သူငယ်ချင်းတွေနဲ့အတူ ရှိနေတဲ့ မွေးနေ့ရှင် မောင်သန့်ဘုန်းဝေယံကို သွားရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မောင်သန့်ဘုန်းဝေယံနဲ့အတူနေကြတဲ့ မဝေရဲ့ မိဘတွေနဲ့ မောင်ဖြစ်သူဟာလည်းနေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ BBC မြန်မာပိုင်းကလည်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ မဝေတို့ကို ဖမ်းဆီးတဲ့ အကြောင်းသာဖော်ပြထားပြီး ၃ နှစ်အရွယ် ကလေးငယ်ရဲ့သတင်းကို တစ်စုံတစ်ရာဖော်ပြထားတာမျိုးမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။