Connect with us

Hi, what are you looking for?

News

လေး​ကေ့​ကော်မှ ​လေးနာရီ​ကျော်ကြာညတိုက်ပွဲ စစ်​ကောင်စီတပ်အထိ့အခိုက်အကျအဆုံးများ၍ပြန်ဆုတ်

“စစ်ကြောင်းသုံးခုလောက်နဲ့ခွဲတက်လာတာ။ယှဥ်ပစ်ရတာ။တော်တော့်ကို နီးတယ် အလွန်ဆုံးကွာ ပေ ၁၀၀ ပဲ။စခ တွေသေတာများလောက်တယ်။လူဆွဲသွားတဲ့လမ်းကြောင်း​တွေအများကြီး”ဟု လေးကေ့ကော်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောပစ္စည်းအချို့)

ကရင်ပြည်နယ် လေးကေ့ကော် မြို့သစ်အနီး ကျူးကျော်ရန် ကြိုးပမ်းလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ​ကော်ဘရာစစ်​ကြောင်း ယမန်​နေ့ညက ​လေးနာရီ​ကျော်ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီတပ်ထိခိုက်သေဆုံးပြီးမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရကြောင်း ​ကော်ဘရာစစ်​ကြောင်းက ယနေ့ ထုတ်ပြန် သည်။

သင်္ကြန် အကျနေ့ (ယမန်နေ့) ည ၁၀ နာရီ ၅၅ မိနစ်မှ စတင်ကာ လေးကေ့ကော်မြို့သစ်အနီး ကော်ဘရာစစ်ကြောင်းမှ လုံခြုံရေးရယူထားသော တောင်ကုန်းများအပေါ်သို့ အကြမ်းဖက်စစ်ကောင်စီမှ ကျူးကျော်ရန် ကြိုးစားလာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ထို့ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ အမြှောက်လက်နက်ကြီးများ တရစပ်ပစ်ခတ် ပစ်ကူပေးခဲ့သော် လည်း ကော်ဘရာစစ်သည်များ၏ ရွတ်ရွတ်ချွံချွံ ခုခံ တိုက်ခိုက်နိုင်ခဲ့မှုကြောင့် မြန်မာသင်္ကြန် အကြတ်နေ့ ယနေ့ နံနက် ၃နာရီခွဲခန့်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံး များပြားစွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု အသိပေးသည်။

“စစ်ကြောင်းသုံးခုလောက်နဲ့ခွဲတက်လာတာ။ယှဥ်ပစ်ရတာ။တော်တော့်ကို နီးတယ် အလွန်ဆုံးကွာ ပေ ၁၀၀ ပဲ။စခ တွေသေတာများလောက်တယ်။လူဆွဲသွားတဲ့လမ်းကြောင်း​တွေအများကြီး”ဟု လေးကေ့ကော်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ညအချိန်ဖြစ်သဖြင့် အကြမ်းဖက် စစ်ကောင် စီ၏ ထိခိုက်သေဆုံးမှု ပမာဏကို အတည်မပြုနိုင်သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်၊ ကျဆုံး မရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက် စစ်ကောင်စီ၏ စစ်အသုံးအဆောင်များနှင့် ကျည်ဆန်များ သိမ်းဆည်းရမိပါကြောင်းလည်း သတင်းဓါတ်ပုံနှင့်တစ်ကွ ​ကော်ဘရာစစ်​ကြောင်းကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook