စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် သင်္ကြန်အကျနေ့က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဧပြီ ၁၄ ရက်) သင်္ကြန်အကျနေ့ မွန်းလွဲ ၁၂နာရီခွဲ အချိန်ခန့်က ရွှေဘိုမြို့ ဘိုကုန်းလမ်းအတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေ အနေ မသိရကြောင်း ရွှေဘိုမြို့ခံများက ပြောသည်။

“ဘိုကုန်းလမ်းက လမ်းအနောက်ဖက်တိုက်အနီးတစ်ဝိုက်ဗုံးပေါက်ကွဲတယ်ပြောတယ်။ အသံက တော်တော်ကျယ်တယ်။ အတိုင်းသားကြားရတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ညနေ ၆နာရီခန့်ကလည်း ရွှေဘိုမြို့ရှောင်လမ်းတွင် ဆက်တိုက်ပစ်ခတ်သံများ ကြားခဲ့ရပြီး အနည်းဆုံး ၁၅ချက်ခန့်ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက ရွှေဘိုသင်္ကြန်ဗဟိုမဏ္ဍပ်ကိုလည်း လေးဘက်လေးလံ လမ်းပိတ်ကာ ကျင်းပနေပြီး ရေပတ်ခံထွက်သူမရှိဘဲ ၎င်းတို့စစ်ကောင်စီအဝန်းအဝိုင်းလူများသာရှိကြောင်း ဒေသခံများက ပြောသည်။
ရွှေဘိုမြို့အနီးနယ်များတွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်နေကြပြီး စစ်ကောင်စီကလည်း ကျေးရွာများကို ဖိနှိပ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်။


















































