Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့ သင်္ကြန်အကျနေ့က ​ပစ်ခတ်​၊ ပေါက်မှုများဖြစ်

အကြမ်းဖက်စစ်ကောင်စီက ရွှေဘိုသင်္ကြန်ဗဟိုမဏ္ဍပ်ကိုလည်း လေးဘက်လေးလံ လမ်းပိတ်ကာ ကျင်းပနေပြီး ရေပတ်ခံထွက်သူမရှိဘဲ ၎င်းတို့စစ်ကောင်စီအဝန်းအဝိုင်းလူများသာရှိကြောင်း ဒေသခံများက ပြောသည်။

(ရွှေဘိုမြို့က အကြမ်းဖက်စစ်ကောင်စီ၏ အယောင်ပြ သင်္ကြန်မဏ္ဍပ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် သင်္ကြန်အကျနေ့က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၄ ရက်) သင်္ကြန်အကျနေ့ မွန်းလွဲ ၁၂နာရီခွဲ အချိန်ခန့်က ရွှေဘိုမြို့ ဘိုကုန်းလမ်းအတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေ အနေ မသိရကြောင်း ရွှေဘိုမြို့ခံများက ပြောသည်။

(ရွှေဘိုမြို့က အကြမ်းဖက်စစ်ကောင်စီ၏ အယောင်ပြ သင်္ကြန်မဏ္ဍပ်)

“ဘိုကုန်းလမ်းက လမ်းအနောက်ဖက်တိုက်အနီးတစ်ဝိုက်ဗုံးပေါက်ကွဲတယ်ပြောတယ်။ အသံက တော်တော်ကျယ်တယ်။ အတိုင်းသားကြားရတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

ထို့​နောက် ညနေ ၆နာရီခန့်ကလည်း ရွှေဘိုမြို့ရှောင်လမ်းတွင် ဆက်တိုက်ပစ်ခတ်သံများ ကြားခဲ့ရပြီး အနည်းဆုံး ၁၅ချက်ခန့်ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ရွှေဘိုမြို့က အကြမ်းဖက်စစ်ကောင်စီ၏ အယောင်ပြ သင်္ကြန်မဏ္ဍပ်)

အကြမ်းဖက်စစ်ကောင်စီက ရွှေဘိုသင်္ကြန်ဗဟိုမဏ္ဍပ်ကိုလည်း လေးဘက်လေးလံ လမ်းပိတ်ကာ ကျင်းပနေပြီး ရေပတ်ခံထွက်သူမရှိဘဲ ၎င်းတို့စစ်ကောင်စီအဝန်းအဝိုင်းလူများသာရှိကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုမြို့အနီးနယ်များတွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်နေကြပြီး စစ်ကောင်စီကလည်း ကျေးရွာများကို ဖိနှိပ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လု​ပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook