Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင် ကမ်းလွန်မှာ ရေနံတင်သင်္ဘော ပေါက်ကွဲမှုကြောင့် မြန်မာ ၁ ဦး ထိခိုက် ဒဏ်ရာရ

ဟောင်ကောင် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟောင်ကောင် အရှေ့ဖက်ကမ်းလွန် ကီလိုမီတာ ၃၀၀ လောက်မှာ အဲဒီ ရေနံတင်သင်္ဘော ဒုက္ခကြုံနေခဲ့တာလို့ သိရပါတယ်။ ညပိုင်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုလည်း အတိအကျ မသိရသေးပါဘူး။

ဟောင်ကောင် ကမ်းလွန် ပင်လယ်ပြင်မှာ ရေနံတင်သင်္ဘော ပေါက်ကွဲမှု ဖြစ်ပွားပြီး အနည်းဆုံး မြန်မာ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၆ ရက်က ဖြစ်ပွားတဲ့ ပေါက်ကွဲမှုမှာ ၁ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဟောင်ကောင် ကမ်းခြေစောင့် အရာရှိတွေက ဆိုပါတယ်။ ပေါက်ကွဲမှုအပြီး သင်္ဘောပေါ်ကနေ ရေနံ ယိုစိမ့်မှုတွေ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ဖြစ်နိုင်သလဲ ဆိုတာကိုတော့ ဆန်းစစ်နေဆဲပါ။

ဟောင်ကောင် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟောင်ကောင် အရှေ့ဖက်ကမ်းလွန် ကီလိုမီတာ ၃၀၀ လောက်မှာ အဲဒီ ရေနံတင်သင်္ဘော ဒုက္ခကြုံနေခဲ့တာလို့ သိရပါတယ်။ ညပိုင်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုလည်း အတိအကျ မသိရသေးပါဘူး။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ သင်္ဘောပေါ်က မီးတွေကို ငြှိမ်းသတ်ခဲ့ပြီး သင်္ဘောသား ၇ ဦးကိုလည်း ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေ ရောက်သွားချိန်မှာ ၁ ဦးက သေဆုံးနေပြီး ကျန်တဲ့ ၆ ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ပနားမား နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Chaung Yi သင်္ဘောပေါ်မှာ သေဆုံးသွားတဲ့ သင်္ဘောသားက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ဟောင်ကောင် အာဏာပိုင်တွေက မကြေညာသေးပါဘူး။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှား နိုင်ငံသား ၃ ယောက်က ဒဏ်ရာပြင်းပြီး အဲဒီထဲမှာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက် မီးလောင်ခံထားရသူ ၁ ဦးလည်း ပါဝင်ပါတယ်။ နောက်ထပ် အင်ဒိုနီးရှား ၂ ဦးနဲ့ မြန်မာ ၁ ဦးလည်း ဒဏ်ရာတွေ ရခဲ့ပေမယ့် သိပ်မပြင်းထန်ဘူးလို့ ဆိုပါတယ်။ မီတာ ၁၂၀ ရှည်လျားပြီး ၂၂ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ သင်္ဘောဟာ ဟောင်ကောင်ကို ဦးတည်နေချိန်မှာ ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Facebook