Connect with us

Hi, what are you looking for?

News

ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က အမြန်လမ်းမှ စစ်​ကောင်စီ ကင်းဂိတ်တစ်ခုကို တိုက်ခိုက်

မန္တလေးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းအမြန်လမ်းပေါ်ရှိ တံတားဦးမြို့နယ်အတွင်းမှ ကင်းဂိတ်တစ်ခုတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

(စစ်​ကောင်စီ ဂိတ်​စောင့် တပ်ဖွဲ့ဝင်များ ​​နေထိုင်ရာအ​ဆောက်အအုံကို ​Google Map တွင်​တွေ့ရစဥ်)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၃၃၅ မိုင် တစ်ဖာလုံ တွင် တပ်စွဲထားပြီး အနီးကျေးရွာများ နှင့် ခရီးသွား ပြည်သူများအား ဒုက္ခပေးနေသော ဗိုလ်ကြီး ဦးဆောင်သည့် ကင်းဂိတ်အား ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၂ နာရီ အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့အ​နေဖြင့်အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်းသိ့ရသည်။

Public Service Announcement

“အခင်းဖြစ်နေရာက တံတားဦးမြို့နယ်ထဲပါပါတယ်။ အမြန်လမ်း ရဲကင်းပေါ့ဗျာ။ ဒီကာလကြီးမှာတော့ စစ်တပ်ကပဲ အထိုင်ချပြီး နေနေတာ။ သုံးပွင့်ဗိုလ်တစ်ယောက် ဦးစီးပြီး အထိုင်ချပြီး နေနေတာ။ အင်အား ၁၅ ယောက် ဝန်းကျင်လောက်ရှိမယ်။ ဒီကောင်တွေ အလစ်အငိုက်ကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့က ပစ်ထည့်လိုက်ပြီးတော့ ပြန်ဆုတ်လာတာ။”ဟု ကျောက်ဆည်နဂါး ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည် ဧပြီ ၈ရက် ည ၁နာရီခွဲ အချိန်ကလည်း ကျောက်ဆည် ခရိုင်၊ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင် ကင်းဂိတ်အား ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ နှင့် People Revolution force Kyaukse (PRFK)တပ်ဖွဲ့တို့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှုးတစ်ဦး အပါအဝင် စစ်သား၁၂ ကျဆုံးကြောင်း ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။