Connect with us

Hi, what are you looking for?

LuduNwayOo

News

သထုံ-ဘားအံကားလမ်းရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရ

ဝါးပိုးတောလမ်းဆုံက ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ သုံးဦးသေဆုံးသွားခဲ့ပြီး အဲ့ဒီအထဲမှာ ရဲနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘားအံမြို့နယ် သထုံ-ဘားအံကားလမ်းမပေါ်မှာရှိတဲ့ ဝါးပိုးတောလမ်းဆုံက ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘားအံ-သထုံကားလမ်းမနဲ့ ဘားအံ-ဖာပွန်ကားလမ်းဆုံနေရာဖြစ်တဲ့ ဝါးပိုးတောလမ်းဆုံနားမှာ စစ်ကောင်စီရဲကင်စခန်းတစ်ခုရှိပြီး ဒီကနေ့ မနက် ၈ နာရီအချိန်ခန့်က တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဝါးပိုးတောလမ်းဆုံက ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ သုံးဦးသေဆုံးသွားခဲ့ပြီး အဲ့ဒီအထဲမှာ ရဲနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့လူတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က သွားရောက်သယ်ဆောင်နေပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝါးပိုးတောစစ်ဆေးရေးဂိတ်ဟာ ဘားအံမြို့နယ် သံလွင်အနောက်ဘက်ကမ်းဒေသမှာရှိပြီး ကေအဲန်ယူ-ဒူးသထူခရိုင် ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေဒေသအတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။