Connect with us

Hi, what are you looking for?

News

သထုံ-ဘားအံကားလမ်းရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရ

ဝါးပိုးတောလမ်းဆုံက ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ သုံးဦးသေဆုံးသွားခဲ့ပြီး အဲ့ဒီအထဲမှာ ရဲနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘားအံမြို့နယ် သထုံ-ဘားအံကားလမ်းမပေါ်မှာရှိတဲ့ ဝါးပိုးတောလမ်းဆုံက ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘားအံ-သထုံကားလမ်းမနဲ့ ဘားအံ-ဖာပွန်ကားလမ်းဆုံနေရာဖြစ်တဲ့ ဝါးပိုးတောလမ်းဆုံနားမှာ စစ်ကောင်စီရဲကင်စခန်းတစ်ခုရှိပြီး ဒီကနေ့ မနက် ၈ နာရီအချိန်ခန့်က တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဝါးပိုးတောလမ်းဆုံက ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ သုံးဦးသေဆုံးသွားခဲ့ပြီး အဲ့ဒီအထဲမှာ ရဲနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့လူတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က သွားရောက်သယ်ဆောင်နေပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝါးပိုးတောစစ်ဆေးရေးဂိတ်ဟာ ဘားအံမြို့နယ် သံလွင်အနောက်ဘက်ကမ်းဒေသမှာရှိပြီး ကေအဲန်ယူ-ဒူးသထူခရိုင် ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေဒေသအတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်မြို့တော် ဘားအံမှာ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

သတင်း

ကရင်အမျိုးသားအစည်အးရုံး(KNU) ဖားအံ(ဘားအံ)ခရိုင် လှိုင်းဘွဲ့မြို့နယ် တပ်မဟာ(၇) နယ်မြေအတွင်းနှစ်ပေါင်း ၄၀နီးပါးတပ်စွဲထားသည့် စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ (မေလ ၁၅ရက်) ထုတ်ပြန်သည်။