Connect with us

Hi, what are you looking for?

News

သထုံ-ဘားအံကားလမ်းရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရ

ဝါးပိုးတောလမ်းဆုံက ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ သုံးဦးသေဆုံးသွားခဲ့ပြီး အဲ့ဒီအထဲမှာ ရဲနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘားအံမြို့နယ် သထုံ-ဘားအံကားလမ်းမပေါ်မှာရှိတဲ့ ဝါးပိုးတောလမ်းဆုံက ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘားအံ-သထုံကားလမ်းမနဲ့ ဘားအံ-ဖာပွန်ကားလမ်းဆုံနေရာဖြစ်တဲ့ ဝါးပိုးတောလမ်းဆုံနားမှာ စစ်ကောင်စီရဲကင်စခန်းတစ်ခုရှိပြီး ဒီကနေ့ မနက် ၈ နာရီအချိန်ခန့်က တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဝါးပိုးတောလမ်းဆုံက ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ သုံးဦးသေဆုံးသွားခဲ့ပြီး အဲ့ဒီအထဲမှာ ရဲနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့လူတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က သွားရောက်သယ်ဆောင်နေပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝါးပိုးတောစစ်ဆေးရေးဂိတ်ဟာ ဘားအံမြို့နယ် သံလွင်အနောက်ဘက်ကမ်းဒေသမှာရှိပြီး ကေအဲန်ယူ-ဒူးသထူခရိုင် ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေဒေသအတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။