Connect with us

Hi, what are you looking for?

News

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုသို့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထပ်မံပူးပေါင်းဖွဲ့စည်း

ယောဒေသတွင်း တကွဲတပြားစီဖြစ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တသွေးတသားတည်းဟူသော စည်းလုံးညီညွတ်မှုနှင့် ယောဒေသပြည်သူလူထုအကျိုးစီးပွားကို ရှေးရှု၍ ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဟု ယောဒေသလူထုတိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာရှင်အားအမြစ်ဖြတ်တော်လှန်နိုင်ရေး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ လေးဖွဲ့ စုစည်းဖွဲ့စည်းထားသည့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု YRPA သို့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထပ်မံပူးပေါင်းဖွဲ့စည်းလိုက်သည်ဟု ယနေ့ ထုတ်ပြန်သည်။

လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)၊ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KTU-PDF)၊ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Htilin PDF)နှင့်ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ စုပေါင်းကာ မတ်လ၂၀၇က်တွင် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (YRPA) ကိုဖွဲ့စည်းခဲ့သည်။ ယခုအခါ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-GANGAW BATTALION) က ထပ်မံဝင်ရောက်ပူးပေါင်းခဲ့သည်ဟုYRPAက ယနေ့(ဧပြီ၁၉ရက်) ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယောဒေသတွင်း တကွဲတပြားစီဖြစ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တသွေးတသားတည်းဟူသော စည်းလုံးညီညွတ်မှုနှင့် ယောဒေသပြည်သူလူထုအကျိုးစီးပွားကို ရှေးရှု၍ ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဟု ယောဒေသလူထုတိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။

ယောဒေသတွင်း စည်းလုံးညီညွတ်ရေးနှင့် တစ်စုတစ်စည်းတည်းဖြစ်သော ပြည်သူ့ကာကွယ်ရေးအင်အားစုတစ်ခု ဖြစ်လာစေရန် ကျန်ရှိနေသေးသော ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း YRPA ကအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

ယောဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံး စုစည်းနိုင်ပါက စစ်အာဏာရှင်တော်လှန်ရေးအတွက်ရော ဒေသခံ လူထုအတွက်ပါပိုမိုအကျိုးရှိစေမည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

” စုစည်းမှု၊ စည်းလုံးညီညွတ်မှုဖြင့်သာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်တွန်းလှန်နိုင်မည်ဟု မိမိတို့ တပ်ပေါင်းစုမှ ယုံကြည်သည်။ယောဒေသတစ်ခုလုံး စည်းလုံးညီညွတ်ကြရမည်။စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်” ဟု YRPA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook