Connect with us

Hi, what are you looking for?

News

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွက် ဗုံးခိုကျင်းတွေ ပြင်ထားဖို့ မြို့ပြပြောက်ကျားအဖွဲ့ ပန်ကြား

မြို့ခံလူထုအနေနဲ့ ဆေးဝါး ၊အရေးကြီးစာရွက်စာတမ်း ၊ ရိက္ခာ ပြင်ဆင်ထားဖို့လည်းအသိပေးထားပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း အတွင်းက မိုးကုတ်မြို့ မှာ မြို့သိမ်းတိုက်ပွဲတွေ အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေထားရှိကြဖို့ မြို့ပြပြောက်ကျား အဖွဲ့ ( Red Wolves of Mogok ) ကဧပြီလ ၂၀ ရက် ရက်စွဲနဲ့ မေတ္တာရပ်ခံပန်ကြားထားတာတွေ့ရပါတယ်။

မြို့ခံလူထုအနေနဲ့ ဆေးဝါး ၊အရေးကြီးစာရွက်စာတမ်း ၊ ရိက္ခာ ပြင်ဆင်ထားဖို့လည်းအသိပေးထားပါတယ်။

ဒါအပြင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေ တပ်စွဲထားရာနေရာအနီးတွေကို သွားလာတာမျိုးရှောင်ကြဖို့လည်း ပြောထားပါသေးတယ်။

မိုးကုတ်မြို့နဲ့အနီးတစ်ဝိုက်ဒေသတွေမှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားတာမျိုးရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။