Connect with us

Hi, what are you looking for?

News

ကျွန်း​ချောင်းတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ ပြန်ဆုတ်ခွာ

အပြေးပြန်လည်ဆုတ်ခွာသွားသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းမှ ကျန်ရစ်ခဲ့သော ကျည်ဘောက်တစ်ခု၊ ၇ ဒဿမ ၆၂ ကျည်အချို့နှင့် ၅ ဒဿမ ၅၆ ကျည်အနည်းငယ်တို့ကိုသိမ်းဆည်း နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကျွန်းချောင်းအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာ၍ စစ်ကြောင်း ပြန်လည်ဆုတ်ခွာရပြီး စစ်ကောင်စီတပ်သားသုံးဦး သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက People’s Springသို့ ပြောသည်။

တိုက်ပွဲမှာ ယမန်နေ့ (ဧပြီ ၂၀ရက်) နေ့လယ် ၃ နာရီခွဲခန့်ကစတင်ခဲ့ပြီး အင်အား ၇၀ကျော်ပါ စစ်ကောင်စီတပ်ကို အရာတော် (ပကဖ)၊ ‌နယ်မြေခံတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၊ ရွှေဘို(ပကဖ)နှင့် ဒီပဲယင်း(ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နောင်ကြီးအိုင်ရဲစခန်းကနေ ထွက်လာတဲ့ စစ် ကြောင်းကို စောင့်တိုက်တာပါ။မိနစ် ၂၀ လောက်ကြာတယ်။သူတို့ဘက်ကလက်နက်ကြီး အများဆုံးသုံးသွားတယ်။ဒါပေမယ့် ကျွန်တော်တို့ အင်အားနဲ့ ပစ်အားအရ စောင့်တိုက်လို့ စခ တွေ ပြန်ဆုတ်သွားခဲ့ရတယ်”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အပြေးပြန်လည်ဆုတ်ခွာသွားသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းမှ ကျန်ရစ်ခဲ့သော ကျည်ဘောက်တစ်ခု၊ ၇ ဒဿမ ၆၂ ကျည်အချို့နှင့် ၅ ဒဿမ ၅၆ ကျည်အနည်းငယ်တို့ကိုသိမ်းဆည်း နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဧပြီ ၁၉ ရက်ကလည်း အရာတော်မြို့နယ်ရှိ အမှတ် (၅၀၀၄) တင့်ကားတပ်အား လျှပ်စီးမိုးကြိုးမုန်တိုင်း တပ်ဖွဲ့နှင့် ဗိုလ်မိုးသီးအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။