Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက​ဒေါ်လာမူဝါဒနှင့်ပတ်သပ်၍ပြည်ပနှင့်သက်ဆိုင်​သောလုပ်ငန်းနယ်ပယ် ၇ခုကိုပြန်လည်​ဖြေ​လျှော့

ရန်ကုန်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း“စစ်တပ်က ထုတ်တဲ့ညွန်ကြားချက်က နိုင်ငံသားတွေကို အနိုင်ကျင့်ပြီး လုပ်ချင်သလို လုပ်နေတာ။ နောက်ပြီး အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ ။ ပြည်တွင်းလုပ်ငန်းတွေ ဘယ်လိုမှ ဆက်လုပ်ဖို့ ဖြစ်နိုင်မှာမဟုတ်တော့ဘူး”ဟုပြောသည်။

●​ဖြေ​လျှော့မှုတွင်ပိုကုန်လုပ်ငန်းများ၊ သင်္ဘောသားများကဲ့သို့ဒေါ်လာရ​သောနိုင်ငံသားများ၊နိုင်ငံသားပိုင်လုပ်ငန်းများမပါဝင်

အာဏာသိမ်းစစ်ကောင်စီ၏ဗဟိုဘဏ်ဒုတိယဥက္ကဌသေနတ်ဖြင့်အပစ်ခံရပြီးနောက် ​ဒေါ်လာကို ကျပ်ငွေဖြင့် လွှဲပြောင်းရသည့် မူဝါဒကို စစ်ကောင်စီဗဟိုဘဏ်ကပြန်လည်ဖြေလျော့ပေးကြောင်း ဧပြီ ၂၀ ရက်တွင်ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီကနိုင်ငံခြားငွေများကိုရသည်နှင့် တစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့် လွှဲပြောင်း​ပေးရမည်ဖြစ်ပြီး မလဲလှယ်ပါကအ​ရေးယူမည်ဟု ဧပြီ ၃ ရက် ထုတ်ပြန်ခဲ့သည်။ထိုသို့ထုတ်ပြန်ပြီး ​လေးရက်အကြာ ဧပြီ ၇ရက်တွင် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေမှာ​နေအိမ်တွင် သေနတ်ပစ်ခတ်ခံရသည်။​သေနတ်ပစ်ခံရပြီး နှစ်ပါတ်အကြာတွင် စစ်ကောင်စီဘက်က ယခုကဲ့သို့ပြန်လည် ဖြေလျှော့ပေးခြင်းဖြစ်သည်။

ယခုဖြေလျှော့ပေးရာတွင် လုပ်ငန်း ၇ မျိုးပါဝင်ပြီး ၎င်းတို့၏ နိုင်ငံခြားငွေများကို ကျပ်ငွေပြောင်းလဲစရာမလိုအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်ကဆိုသည်။

Public Service Announcement

Public Service Announcement

ထိုလုပ်ငန်း ၇ ခုမှ ရင်းနှီးမြှပ်နှံမူကော်မရှင် ခွင့်ပြုချက်ရနိုင်ငံခြားသားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်ရှိရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ၊ သံတမန်လုပ်ငန်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ပြည်ပနိုင်ငံများမှလာရောက်ကူညီပေးနေသည့် ဖွံဖြိုးရေးအေဂျင်စီများ၊ JICAကဲ့သို့ INGOအဖွဲ့အစည်းများတွင်လုပ်ကိုင်​နေ​သော နိုင်ငံခြားသားဝန်ထမ်းများ နှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများဖြစ်သည်။

သို့​သော်ထိုလုပ်ငန်း ၇ မျိုးမှာ နိုင်ငံခြားငွေနှင့်ပတ်သတ်သည့် ဆောင်ရွက်ချက်အားလုံးကို မှတ်တမ်းတင်ထားပြီစစ်ကောင်စီဗဟိုဘဏ်ကို ‌တင်ပြရမည်ဟုပါရှိသည်။

ထို​ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကဲ့သို့ နိုင်ငံခြား​ငွေအဓိကရှာ​ဖွေ​ပေး​သောလုပ်ငန်းများ၊လက်ခစားအထည်ချုပ်လုပ်ငန်းများ၊သ​ဘော်သားများ၊ပြည်တွင်းရှိနိုင်ငံတကာအဖွဲ့အစည်းများ ၊NGO များတွင်အလုပ်လုပ်​သော မြန်မာနိုင်ငံသားများ စ​သော​ဒေါ်လာရ​သောလုပ်ငန်းများ၊နိုင်ငံသားများမှာမူ ပြင်ပတွင် ​ဒေါ်လာ​ဈေးမည်မျှ​ပေါက်​စေကာမူ စစ်​ကောင်စီ၏ ဗဟိုဘဏ်တွင် တစ်​ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့်​ရောင်း​ပေးရဦးမည်ဖြစ်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ နိုင်ငံခြားသားပိုင်လုပ်ငန်းဆိုရင် မထိရဲ မတို့ရဲဘူး။ နိုင်ငံသားတွေဆိုရင် အနိုင်ကျင့်တာဘဲ။ ဒါက အာဏာရှင်အဆက်ဆက်ပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ရန်ကုန်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း“စစ်တပ်က ထုတ်တဲ့ညွန်ကြားချက်က နိုင်ငံသားတွေကို အနိုင်ကျင့်ပြီး လုပ်ချင်သလို လုပ်နေတာ။ နောက်ပြီး အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ ။ ပြည်တွင်းလုပ်ငန်းတွေ ဘယ်လိုမှ ဆက်လုပ်ဖို့ ဖြစ်နိုင်မှာမဟုတ်တော့ဘူး”ဟုပြောသည်။

စစ်ကောင်စီ၏ နိုင်ငံခြားငွေ ထိန်းချုပ်မှုကို ဂျပန်၊ စင်ကာပူ၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် ပြည်တွင်းရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများက ကန့်ကွက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။