Connect with us

Hi, what are you looking for?

News

အင်းမရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးရာ ​နေအိမ်၁၀၀ နီးပါးပျက်စီး

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သောင်းကျန်းနေမှုကြောင့် မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊မုံရွာ-အမြင့်လမ်းပိုင်း၊ချောင်းဦး-အမြင့်လမ်းပိုင်း၊ချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အရေးပေါ်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ကြေညာထားသည်။

(ယနေ့မနက်ပိုင်းက အင်းမကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများပေါင်းပြီး အင်းမကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ​နေအိမ် ၁၀၀နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ယနေ့(ဧပြီ ၂၃ ရက်) နံနက် ၁၀နာရီ၅၀မိနစ်ခန့်က ချောင်းဦးမြို့နယ် အင်းမကျေးရွာကိုလက်နက်ကြီးလက်နက် ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ အင်းမကျေးရွာသည် ချောင်းဦးမြို့၏ အနောက်ဘက်တွင်တည်ရှိပြီး အမြင့်တိုက်နယ်တွင်ပါဝင်ကာ ယနေ့ညနေပိုင်းအထိ အမြင့်နယ်တစ်ကြော၌ မီးခိုးလုံးများမြင်တွေ့ခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

“ချောင်းဦးမြို့နယ်ထဲက အင်းမရွာကို စစ်ခွေးတွေနဲ့ ပျုတွေပေါင်း မီးရှို့သွားတာ အိမ်ခြေ ၁၀၀နီးပါး ခန့် ပါသွားတယ်ဗျာ။​စစ်ခွေး အင်အားတော်တော်များများနဲ့ စစ်ကြောင်းထိုးတဲ့ အတွက် ကြောင့် တစ်ခြားရွာတွေကို ထပ် မီးရှို့မှာဆိုးလို့ လမ်းတွေ ပိတ်ထားရတာပါဗျာ”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သောင်းကျန်းနေမှုကြောင့် မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊မုံရွာ-အမြင့်လမ်းပိုင်း၊ချောင်းဦး-အမြင့်လမ်းပိုင်း၊ချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အရေးပေါ်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ကြေညာထားသည်။

Public Service Announcement

Public Service Announcement

အမြင့်တိုက်နယ်ရှိ အင်းမကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာများကို ကင်မွန်းတော်၊ကံဇီး၊ကံကြီးကုန်းစသည့် ကျေးရွာများရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများဖြစ်သော ပျူစောထီးများက မကြာခဏဝင်ရောက်မွှေနှောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျုစောထီးများသည် ဧပြီ၂၁ ရက် ညနေပိုင်းကလည်း အင်းမကျေးရွာ အနီးရှိ တောကျောင်းလေးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှု့များပြုလုပ်ခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှူံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ ချမှတ်ရန်ရှိတဲ့ စီရင်ချက်နဲ့ စစ်အုပ်စု ကာလရှည်ကြာ အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ဖို့ အားထားမျှော်မှန်းလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတကာပါလီမန်က CRPHကို ဆက်အသိအမှတ်ပြုတာ၊ ကုလမှာ စစ်အုပ်စုကိုယ်စားပြုခွင့်မရတာ၊ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရတာတွေနဲ့ စစ်အုပ်စုလိုချင်တဲ့ အသိအမှတ်ပြုမှု ရ၊မရ တိုင်းတာနိုင်ဟုဆို

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

Facebook