စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများပေါင်းပြီး အင်းမကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ယနေ့(ဧပြီ ၂၃ ရက်) နံနက် ၁၀နာရီ၅၀မိနစ်ခန့်က ချောင်းဦးမြို့နယ် အင်းမကျေးရွာကိုလက်နက်ကြီးလက်နက် ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ အင်းမကျေးရွာသည် ချောင်းဦးမြို့၏ အနောက်ဘက်တွင်တည်ရှိပြီး အမြင့်တိုက်နယ်တွင်ပါဝင်ကာ ယနေ့ညနေပိုင်းအထိ အမြင့်နယ်တစ်ကြော၌ မီးခိုးလုံးများမြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“ချောင်းဦးမြို့နယ်ထဲက အင်းမရွာကို စစ်ခွေးတွေနဲ့ ပျုတွေပေါင်း မီးရှို့သွားတာ အိမ်ခြေ ၁၀၀နီးပါး ခန့် ပါသွားတယ်ဗျာ။စစ်ခွေး အင်အားတော်တော်များများနဲ့ စစ်ကြောင်းထိုးတဲ့ အတွက် ကြောင့် တစ်ခြားရွာတွေကို ထပ် မီးရှို့မှာဆိုးလို့ လမ်းတွေ ပိတ်ထားရတာပါဗျာ”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သောင်းကျန်းနေမှုကြောင့် မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊မုံရွာ-အမြင့်လမ်းပိုင်း၊ချောင်းဦး-အမြင့်လမ်းပိုင်း၊ချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အရေးပေါ်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ကြေညာထားသည်။

Public Service Announcement
အမြင့်တိုက်နယ်ရှိ အင်းမကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာများကို ကင်မွန်းတော်၊ကံဇီး၊ကံကြီးကုန်းစသည့် ကျေးရွာများရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများဖြစ်သော ပျူစောထီးများက မကြာခဏဝင်ရောက်မွှေနှောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်နှင့် ပျုစောထီးများသည် ဧပြီ၂၁ ရက် ညနေပိုင်းကလည်း အင်းမကျေးရွာ အနီးရှိ တောကျောင်းလေးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှု့များပြုလုပ်ခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှူံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
