Connect with us

Hi, what are you looking for?

News

တောင်ငူခရိုင်ရှိ KNDO တပ်ရင်းနယ်မြေမှ စစ်ကောင်စီ တပ်စခန်းများ ၁၅ရက်အတွင်း အပြီးတိုင်ရုပ်သိမ်းထွက်ခွာရန် သတိ​ပေးကြေညာ

KNU သထုံခရိုင်ရှိ KNDO တပ်ရင်း(၂) နယ်မြေရှိ စစ်ကောင်စီ၏ ဝင်းတာပန်နှင့် လေးကေတပ်စခန်းကိုလည်း ဧပြီ ၂၃ရက် နောက်ဆုံးထား၍ ဆုတ်ခွာရန် KNDO တပ်ရင်း(၂)က ကြေညာခဲ့ရာ သတ်မှတ်ရက်အတွင်း မဆုတ်ခွာ၍ ဧပြီ ၂၃ရက် ညပိုင်း၌ သတိပေးပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း (၄) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများ ၁၅ရက်အတွင်း အပြီးတိုင်ရုပ်သိမ်းထွက်ခွာသွားရန် KNDO တပ်ရင်း(၄) တပ်ရင်းဌာနချုပ်က ထုတ်ပြန်လိုက်သည်။

ဧပြီ ၂၅ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါစာကို KNU သတင်းရင်းမြစ်က ယနေ့ညပိုင်း၌ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ သတ်မှတ်ရက် ကျော်လွန်၍ ဆက်လက်တပ်စွဲနေပါက နောက်ဆက်တွဲ ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

KNDO တပ်ရင်း(၄)နယ်မြေအတွင်း စစ်စခန်းများ တည်ဆောက်တပ်စွဲထားသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့ တပ်စွဲနေထားခြင်းသည် ကရင်လူထုနှင့် တိုင်းရင်းသား ပြည်သူများအတွက် မည်သည့် အကောင်းကျိုး သက်ရောက်မှုမျှ မရှိသည့်အပြင် လူထုအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းများ တောင်ယာလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ အဟန့်အတား အခက်အခဲဖြစ်လျက် လူမှုစီးပွား ဘ၀များထိခိုက်နေသည်ဟုဆိုသည်။

အထူးသဖြင့် ကျီးချောင်းစစ်စခန်းနှင့် (၄၈)မိုင် ကိုးဒေးစစ်စခန်းများကြောင့် ၎င်းဒေသရှိ လူထုမှာထိတ်လန့် ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများကြောင့် နေ့စဉ်သွားလာနေထိုင်စားသောက်ရာ၌ အဟန့်အတား အခက် အခဲ ဖြစ်ရခြင်း၊ ၎င်းတို့၏ ဦးတည်ချက်မဲ့ ပစ်ခတ်မှုများအား စိုးရိမ် ကြောက်လန့်နေရခြင်း အစရှိသည့် ဒုက္ခများ ခံစားနေခဲ့ကြရသည်ဟု KNDO၏ ကြေညာချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အဆိုပါ တပ်စခန်းများ တည်ရှိနေခြင်းအား KNDO တပ်ရင်း(၄) အနေဖြင့် လုံး၀လက်မခံနိုင်ကြောင်း ဖော်ပြထားပြီး စာထုတ်ပြန်သည့် ဧပြီ ၂၅ရက်မှစ၍ ၁၅ရက်အတွင်း တပ်စခန်းများ ရုပ်သိမ်းရန် ကြေညာထားသည်။

KNU သထုံခရိုင်ရှိ KNDO တပ်ရင်း(၂) နယ်မြေရှိ စစ်ကောင်စီ၏ ဝင်းတာပန်နှင့် လေးကေတပ်စခန်းကိုလည်း ဧပြီ ၂၃ရက် နောက်ဆုံးထား၍ ဆုတ်ခွာရန် KNDO တပ်ရင်း(၂)က ကြေညာခဲ့ရာ သတ်မှတ်ရက်အတွင်း မဆုတ်ခွာ၍ ဧပြီ ၂၃ရက် ညပိုင်း၌ သတိပေးပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။