Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ငူခရိုင်ရှိ KNDO တပ်ရင်းနယ်မြေမှ စစ်ကောင်စီ တပ်စခန်းများ ၁၅ရက်အတွင်း အပြီးတိုင်ရုပ်သိမ်းထွက်ခွာရန် သတိ​ပေးကြေညာ

KNU သထုံခရိုင်ရှိ KNDO တပ်ရင်း(၂) နယ်မြေရှိ စစ်ကောင်စီ၏ ဝင်းတာပန်နှင့် လေးကေတပ်စခန်းကိုလည်း ဧပြီ ၂၃ရက် နောက်ဆုံးထား၍ ဆုတ်ခွာရန် KNDO တပ်ရင်း(၂)က ကြေညာခဲ့ရာ သတ်မှတ်ရက်အတွင်း မဆုတ်ခွာ၍ ဧပြီ ၂၃ရက် ညပိုင်း၌ သတိပေးပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း (၄) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများ ၁၅ရက်အတွင်း အပြီးတိုင်ရုပ်သိမ်းထွက်ခွာသွားရန် KNDO တပ်ရင်း(၄) တပ်ရင်းဌာနချုပ်က ထုတ်ပြန်လိုက်သည်။

ဧပြီ ၂၅ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါစာကို KNU သတင်းရင်းမြစ်က ယနေ့ညပိုင်း၌ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ သတ်မှတ်ရက် ကျော်လွန်၍ ဆက်လက်တပ်စွဲနေပါက နောက်ဆက်တွဲ ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

KNDO တပ်ရင်း(၄)နယ်မြေအတွင်း စစ်စခန်းများ တည်ဆောက်တပ်စွဲထားသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့ တပ်စွဲနေထားခြင်းသည် ကရင်လူထုနှင့် တိုင်းရင်းသား ပြည်သူများအတွက် မည်သည့် အကောင်းကျိုး သက်ရောက်မှုမျှ မရှိသည့်အပြင် လူထုအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းများ တောင်ယာလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ အဟန့်အတား အခက်အခဲဖြစ်လျက် လူမှုစီးပွား ဘ၀များထိခိုက်နေသည်ဟုဆိုသည်။

အထူးသဖြင့် ကျီးချောင်းစစ်စခန်းနှင့် (၄၈)မိုင် ကိုးဒေးစစ်စခန်းများကြောင့် ၎င်းဒေသရှိ လူထုမှာထိတ်လန့် ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများကြောင့် နေ့စဉ်သွားလာနေထိုင်စားသောက်ရာ၌ အဟန့်အတား အခက် အခဲ ဖြစ်ရခြင်း၊ ၎င်းတို့၏ ဦးတည်ချက်မဲ့ ပစ်ခတ်မှုများအား စိုးရိမ် ကြောက်လန့်နေရခြင်း အစရှိသည့် ဒုက္ခများ ခံစားနေခဲ့ကြရသည်ဟု KNDO၏ ကြေညာချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အဆိုပါ တပ်စခန်းများ တည်ရှိနေခြင်းအား KNDO တပ်ရင်း(၄) အနေဖြင့် လုံး၀လက်မခံနိုင်ကြောင်း ဖော်ပြထားပြီး စာထုတ်ပြန်သည့် ဧပြီ ၂၅ရက်မှစ၍ ၁၅ရက်အတွင်း တပ်စခန်းများ ရုပ်သိမ်းရန် ကြေညာထားသည်။

KNU သထုံခရိုင်ရှိ KNDO တပ်ရင်း(၂) နယ်မြေရှိ စစ်ကောင်စီ၏ ဝင်းတာပန်နှင့် လေးကေတပ်စခန်းကိုလည်း ဧပြီ ၂၃ရက် နောက်ဆုံးထား၍ ဆုတ်ခွာရန် KNDO တပ်ရင်း(၂)က ကြေညာခဲ့ရာ သတ်မှတ်ရက်အတွင်း မဆုတ်ခွာ၍ ဧပြီ ၂၃ရက် ညပိုင်း၌ သတိပေးပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။