Connect with us

Hi, what are you looking for?

News

တစ်နှစ်ကြာချိန်အထိ အာဆီယံဆုံးဖြတ်ချက် မလိုက်နာသည့် စစ်ကောင်စီအား ပြင်သစ် ကန့်ကွက်ရှုတ်ချ

ဒီမိုကရေစီရရှိရေးအတွက် ဆင်းရဲဒုက္ခများနှင့် ဖိနှိပ်မှုများကြားမှ အဆက်မပြတ် ပြန်လည်ရှင်သန်လာနေသည့် မြန်မာလူမျိုးများ၏ သတ္တိနှင့် မယိမ်းယိုင်သောကြိုးပမ်းမှုကို ချီးကျူးလိုပြီး မြန်မာပြည်သူများအပေါ် ထောက်ခံမှုကိုလည်း ထပ်မံအတည်ပြုကြောင်း ပြင်သစ်က ထုတ်ပြန် သည်။

(အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့ကကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ်)

အာဆီယံခေါင်းဆောင်များချမှတ်သည့် ဘုံသဘောတူဆုံးဖြတ်ချက် ၅ရပ်ကို စစ်ကောင်စီ၏ ပူးပေါင်းဆောင် ရွက်ခြင်းမရှိသည့်အပေါ် ရှုတ်ချကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၂၄ ရက်တွင် အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ချမှတ်ခဲ့သည့် သဘောတူညီချက်များကို အကြမ်းဖက်စစ်ကောင်စီက လိုက်နာဆောင်ရွက်ခြင်းမရှိ၍ ကန့်ကွက်ရှုတ်ချ ခဲ့ခြင်းဖြစ်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်သည့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရေးအတွက် အတားအဆီးများကို ဖယ်ရှားရန် တို့ကိုလည်း ပြင်သစ်က တောင်းဆိုသည်။

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အခြားသော ဒီမိုကရေစီ အင်အားစုများ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ထပ်မံတောင်းဆိုကြောင်း ပြင်သစ်က ထုတ်ပြန်သည်။

တိုင်းပြည်၏ အကျပ်အတည်းကို အဆုံးသတ်ရန် အရေးကြီးသောကြောင့် ယင်းသို့ တောင်းဆိုရ ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီရရှိရေးအတွက် ဆင်းရဲဒုက္ခများနှင့် ဖိနှိပ်မှုများကြားမှ အဆက်မပြတ် ပြန်လည်ရှင်သန်လာနေသည့် မြန်မာလူမျိုးများ၏ သတ္တိနှင့် မယိမ်းယိုင်သောကြိုးပမ်းမှုကို ချီးကျူးလိုပြီး မြန်မာပြည်သူများအပေါ် ထောက်ခံမှုကိုလည်း ထပ်မံအတည်ပြုကြောင်း ပြင်သစ်က ထုတ်ပြန် သည်။

ထို့အပြင် မြန်မာပြည်သူလူထု၏ဆန္ဒကို လေးစားကာ မြန်မာနိုင်ငံအကျပ်အတည်း အဆုံးသတ်ရေး နိုင်ငံရေးအရ ဖြေရှင်းမှုရရှိရန် အာဆီယံအသင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်ချက်ကို ပြင်သစ်က ထောက်ခံကြောင်း ထပ်လောင်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။