Connect with us

Hi, what are you looking for?

News

ပခန်းငယ်ရဲစခန်းသိမ်းတိုက်ပွဲ စစ်​ကောင်စီတပ် ၁၄ဦး​သေဟု Phoenix အထူးပြောက်ကျားတပ်ဖွဲ့​ပြော

ပခန်းငယ်ရဲစခန်းမှာ ဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာ ၁၃ ရက်က ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများ ဝင်ရောက်စီးနင်းခဲ့ဖူးသည်။

(၂၀၂၁က ပခန်းငယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်းခဲ့သည့် ပုံဟောင်းဖြစ်သည်။)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းငယ် ရဲစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်အုပ်စုမှ ၁၄ဦးသေဆုံးကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဧပြီ ၂၉ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(ဧပြီ ၂၈ ရက်) နံနက် ၁၁ နာရီခန့်ကစ၍ နေ့လည် ၁၂ နာရီခန့်အထိ ၄၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုစခန်းတွင် အကြမ်းဖက်စစ်အုပ်စုမှ စစ်သား၊ရဲ နှင့် ပျူစောထီး စူစု​ပေါင်း ၄၀ ခန့်အထိုင်ချကာ ဘန်ကာနှင့် ဆက်သွယ်ရေးတူးမြောင်းများ အခိုင်အမာပြုလုပ်ထားပြီး စက်လက်၊ စနိုက်ပါပစ်စင်နှင့် စခန်းအခြေအတွင် မြေမြှုပ်နင်းမိုင်းများဖြင့် ပြုလုပ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ် အဖွဲ့များမှ RPG နှစ်လုံး၊ (၄၀) မမ ခုနစ်လုံး၊ စက်လက် လက်နက်ငယ် အများအပြားဖြင့်ပစ်ခတ်ပြီး ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

သို့သော် စခန်းသိမ်းပိုက်ခါနီးတွင် စစ်ကောင်စီဘက်မှ တပ်ကူစစ်ကား သုံးစီးရောက်လာသည့်အတွက်တော်လှန်ရေးအဖွဲ့များမှ တပ်ပြန်ဆုတ်လာခဲ့ရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရာတွင် ပူးပေါင်းမဟာမိတ်အဖွဲ့များမှာ Phoenix အထူးပြောက် ကျားတပ်ဖွဲ့၊ 27 Revolution Force၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ( ၃ )၊ MSPDF၊ 11 Brothers Revolution Force၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊ သိန်းငှက်ပြောက်ကျား တပ်ဖွဲ့၊ Thwaythauk Revolution Force နှင့် ဒေါင်းညီနောင်အဖွဲ့ များမှ ပူးပေါင်းစစ်ဆင်ခဲ့ပြီး ပြည်သူ့ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များအား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ပခန်းငယ်ရဲစခန်းမှာ ဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာ ၁၃ ရက်က ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများ ဝင်ရောက်စီးနင်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။