Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တောင်ပိုင်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီတပ် အလောင်းခုနစ်လောင်းတွေ့

ဧပြီ ၂၇ ရက်က ကလေးမြို့နယ်တောင်ပိုင်း နန်းကသဲချောင်းကိုဖြတ်၍ မြစ်သာမြစ်အရှေ့ဘက်ကမ်းအတိုင်းစစ်ကြောင်းထိုးလာသော အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းနှင့် ဒေသကာကွယ် ရေးတပ်များသည် အရှေ့စည်းရွာနှင့် ဒိုးနွယ်ရွာအနီး ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

▪️လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင် စီတပ်ဖွဲ့ဝင် အလောင်းခုနစ်လောင်းတွေ့ရှိကာ လက်နက်ခဲယမ်းအချို့ပါရရှိခဲ့ကြောင်း Ranger Kalay Defend Force (RKDF)က ယနေ့(ဧပြီ ၃၀) ထုတ်ပြန်သည်။

အဆိုပါကျေးရွာအနီးဝင်ကျင်သည် ဧပြီ ၂၇ ရက်က စစ်ကောင်စီတပ်နှင့် RKDF နှင့်ပူးပေါင်းတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး ယင်းနေရာအားနာ်မြေရှင်းစဥ်ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦး၏အလောင်းများကို မကောက်ဘဲထားရှိခဲ့သည့်အပြင် MA မောင်းပြန်တစ်လက်၊ MA ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည် ၅၀၀ တောင့် ၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ဖုန်း ၃ လုံး၊ စကားပြောစက် ၂လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၇ ရက်က ကလေးမြို့နယ်တောင်ပိုင်း နန်းကသဲချောင်းကိုဖြတ်၍ မြစ်သာမြစ်အရှေ့ဘက်ကမ်းအတိုင်းစစ်ကြောင်းထိုးလာသော အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းနှင့် ဒေသကာကွယ် ရေးတပ်များသည် အရှေ့စည်းရွာနှင့် ဒိုးနွယ်ရွာအနီး ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် RKDF တပ်ဖွဲ့ဝက်ရဲဘော်တစ်ဦး မိမိအသုံးပြုသော လက်နက်ကြီး မတော်တဆဖြစ်ကာ ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။