Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တောင်ပိုင်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီတပ် အလောင်းခုနစ်လောင်းတွေ့

ဧပြီ ၂၇ ရက်က ကလေးမြို့နယ်တောင်ပိုင်း နန်းကသဲချောင်းကိုဖြတ်၍ မြစ်သာမြစ်အရှေ့ဘက်ကမ်းအတိုင်းစစ်ကြောင်းထိုးလာသော အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းနှင့် ဒေသကာကွယ် ရေးတပ်များသည် အရှေ့စည်းရွာနှင့် ဒိုးနွယ်ရွာအနီး ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

▪️လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင် စီတပ်ဖွဲ့ဝင် အလောင်းခုနစ်လောင်းတွေ့ရှိကာ လက်နက်ခဲယမ်းအချို့ပါရရှိခဲ့ကြောင်း Ranger Kalay Defend Force (RKDF)က ယနေ့(ဧပြီ ၃၀) ထုတ်ပြန်သည်။

အဆိုပါကျေးရွာအနီးဝင်ကျင်သည် ဧပြီ ၂၇ ရက်က စစ်ကောင်စီတပ်နှင့် RKDF နှင့်ပူးပေါင်းတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး ယင်းနေရာအားနာ်မြေရှင်းစဥ်ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦး၏အလောင်းများကို မကောက်ဘဲထားရှိခဲ့သည့်အပြင် MA မောင်းပြန်တစ်လက်၊ MA ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည် ၅၀၀ တောင့် ၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ဖုန်း ၃ လုံး၊ စကားပြောစက် ၂လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၇ ရက်က ကလေးမြို့နယ်တောင်ပိုင်း နန်းကသဲချောင်းကိုဖြတ်၍ မြစ်သာမြစ်အရှေ့ဘက်ကမ်းအတိုင်းစစ်ကြောင်းထိုးလာသော အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းနှင့် ဒေသကာကွယ် ရေးတပ်များသည် အရှေ့စည်းရွာနှင့် ဒိုးနွယ်ရွာအနီး ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် RKDF တပ်ဖွဲ့ဝက်ရဲဘော်တစ်ဦး မိမိအသုံးပြုသော လက်နက်ကြီး မတော်တဆဖြစ်ကာ ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook